1. Home
  2. Special or Others

Android ဖုန်းသုံးသူများ၏ ဖုန်းခေါ်ဆိုမှုနှင့် မက်ဆေ့များကို ဖေ့စ်ဘွခ်ကအချိန်ပြည့် စောင့်ကြည့်စုဆောင်း

Special or Others มี.ค. 26, 2561 view 1,594

ဖေ့စ်ဘွခ်က သုံးစွဲသူ သန်း ၅၀ ကျော်၏ ကိုယ်ရေးအချက်လက်များကို Cambridge Analytica နဲ့ ပူးပေါင်းကာ ရောင်းစားသည်ဆိုသော မကောင်းသတင်းထွက်လာပြီးထဲက ဖေ့စ်ဘွခ်၏ လုပ်ကွက်များကို သုံးစွဲသူများက အဖက်ဖက်က စစ်ဆေးခဲ့ကြသည်။
ယခုနောက်ဆုံး ဖေ့စ်ဘွခ်ကို Android ဖုန်းနဲ့ အသုံးပြုပါက အသုံးပြုသူများ၏ ဖုန်းခေါ်ဆိုမှုနှင့် အပြန်အလှန်မက်ဆေ့ပေးပို့မှုများကိုပါ ထောက်လှမ်းစုဆောင်း ကောက်ယူနိုင်ကြောင်း တွေ့ရှိခဲ့ရသည်။

နည်းပညာသတင်း ဝဘ်ဆိုက်တစ်ခုဖြစ်သော Ars Technica က ဖေ့စ်ဘွခ်အနေနဲ့ သုံးစွဲသူရဲ့ ဖုန်းခေါ်ဆိုမှုများနဲ့ မက်ဆေ့ပေးပို့မှုများကို တိတ်တဆိတ် ထောက်လှမ်းနေတာ နှစ်အတော်ကြာကတည်းကပင်ဖြစ်ကြောင်း Twitter ပြောတွင် ပြောဆိုရေးသားခဲ့သည်။


“Dylan McKay” က သူ၏ ဖေ့စ်ဘွခ်ဒေတာများကို ပြန်လည်ဒေါင်းလုတ်ဆွဲချ စစ်ဆေးခဲ့ရာ အဆိုပါဒေတာများထဲတွင် သူ၏ ဖုန်းခေါ်ဆိုမှုများသာမက မက်ဆေ့ပေးပို့ထားမှုများကို မထင်မှတ်ပဲ တွေ့ရှိခဲ့ရကြောင်း တွစ်တာတွင် ရေးသားဖော်ပြထားသည်။


ယခုအခါ Facebook App ကို ဖုန်းတွင် စတင်သွင်းယူပါက မိမိရဲ့ ဖုန်းထဲက ဖုန်းနံပါတ်စာရင်း Contacts နဲ့ ချိပ်ဆက်ရန် ခွင့်ပြုချက်ရယူသည်ကို သတိထားမိကြပါလိမ့်မယ်။ ဒါပေမယ့် အရင်တုန်းကဆိုရင်တော့ ဖေ့စ်ဘွခ်သုံးစွဲသူတွေက ဘာမှန်ညာမှန်းမသိပဲ ခွင့်ပြုချက်ပေးလိုက်ကြပါတယ်။ ဒီလိုခွင့်ပြုလိုက်တာနဲ့ Android စနစ်က မိမိရဲ့ဖုန်းခေါ်ဆိုမှု စာရင်းကိုပါ ရယူနိုင်ဖို့ သဘောတူညီလိုက်သလို ဖြစ်သွားပါတယ်။

Andriod 4.1 စနစ်မတိုင်မီ ၂၀၁၂ ခုနှစ်လောက်က ထွက်ခဲ့တဲ့ စနစ်တွေမှာဆိုရင် သုံးစွဲသူက ဖေ့စ်ဘွခ်ကို မှတ်ထားတဲ့ ဖုန်းစာရင်း Contacts တွေကို အသုံးပြုခွင့်ပေးလိုက်တာနဲ့ တစ်ပြိုင်နက် ဖုန်းခေါ်ဆိုမှုတွေ မက်ဆေ့ပေးပို့မှုတွေကိုပါ ထောက်လှမ်းခွင့်ရရှိခဲ့ပါတယ်။

iPhone ရဲ့ iOS စနစ်ဟာ လုံခြုံရေးကို အထူးကြပ်မတ်တာကြောင့် Facebook App ကို iPhone နဲ့ သုံးသူတွေမှာတော့ ဒီလိုပြသနာမျိုး မဖြစ်ပါဘူး။

အခုတော့ Facebook Lite, Messenger App အသုံးပြုသူတွေအတွက် ဖေ့စ်ဘွခ်ရဲ့ လုပ်ဆောင်ချက် အသစ်တစ်ခုကို ကြေညာခဲ့ပါတယ်။

လုပ်ဆောင်ချက်အသစ်မှာတော့ သုံးစွဲသူတွေရဲ့ ဖုန်းခေါ်ဆိုမှုမှတ်တမ်းတွေ၊ မက်ဆေ့တွေကို လုံခြုံစိတ်ချဖို့နဲ့ အခြားမည်သူ့ကိုမျှ ရောင်းမစားပါဘူးလို့ ကတိပြုထားပါတယ်။
လုပ်ဆောင်ချက်အသစ်မှာ မိမိရဲ့ ဖုန်းမှတ်တမ်းတွေနဲ့ ပက်သက်ပြီး ရွေးချယ်စရာ တွေကိုလည်း ထည့်သွင်းပေးထာတယ်လို့ ဖော်ပြထားပါတယ်။



Follow us on