1. Home
  2. Special or Others

ပင်လယ်ဘက်ကိုရွေ့လျားလာတဲ့ မီးတောင်ကြီး

Special or Others มี.ค. 26, 2561 view 1,501

ဥရောပမှာရှိတဲ့ လှုပ်ရှားမှုအများဆုံးမီးတောင်ကြီး “မောင့်အက်ထ်နာ(Mount Etna)” ဟာ တစ်ဖြည်းဖြည့်ရွေ့လျားနေပြီး မြေထဲပင်လယ်ဆီသို့ ဦးတည်လာနေကြောင်း သုတေသနပညာရှင်များက ထုတ်ပြန်ခဲ့သည်။

အဆိုပါ Mount Etna မီးတောင်ကြီးဟာ အီတလီနိုင်ငံမှာ တည်ရှိပြီး ကမ္ဘာလှည့်ခရီးသွားများကို ဆွဲဆောင်ရာနေရာတစ်ခုလည်း ဖြစ်ပါတယ်။ မီးတောင်ဟာ မြေထဲပင်လယ်ဘက်ကို ဦးတည်နေပြီး တစ်နှစ်လျှင် ၁၄ မီလီမီတာ ရွေ့လျားနေတာကို တွေ့ရှိရကြောင်း မီးတောင်ကို အနီးကပ် စောင့်ကြည့်စစ်ဆေးနေတဲ့ ဘူမိဗေဒပညာရှင် John Murray ပြောကြားခဲ့ပါတယ်။

ပညာရှင်အဖွဲ့က GPS စနစ်တစ်ခုကို တောင်ပေါ်တွင် တပ်ဆင်ထားပြီး အဆိုပါစနစ်က မီးတောင်၏ အချက်အလက်နဲ့ ရွေ့လျားမှုအသေးစိပ်ကို  ဖော်ပြပေးနိုင်သည်။ အချက်လက်များအရ မီးတောင်မှာ ၁ - ၃ ဒီဂရီ တိမ်းစောင်းလာနေကြောင်း တွေ့ရှိရသည်။

မီးတောင်၏ ရွေ့လျားနေမှုနှုန်းအရ လက်ရှိမှာ စိတ်ပူစရာမရှိသေးကြောင်း သိရှိရသည်။ Mount Etna မီးတောင်မှာ ၁၉၉၂ ခုနှစ်က တစ်ကြိမ် ပေါက်ကွဲခဲ့ဖူးပြီး အခုတစ်ခါ ၂၀၁၇ ခုနှစ် ဖေဖော်ဝါရီလမှ စတင်၍ ပေါက်ကွဲမှုဖြစ်ခဲ့ခြင်းဖြစ်သည်။
 



Follow us on