1. Home
  2. Special or Others

မုဒိန်းသမားနှစ်ဦးအား ရိုက်နှက်ကာ အဝတ်ဗလာနဲ့ မြို့ထဲလှည်းခိုင်းပြီး အပြစ်ပေး

Special or Others มี.ค. 30, 2561 view 1,820

အသက် ၁၇ နှစ်အရွယ် ကျောင်းသူလေးတစ်ဦးကို အဓ္ဓမပြုကျင့်ခဲ့သည်ဟု စွပ်စွဲခံထားရသော အမျိုးသားနှစ်ဦးအား ရိုက်နှက်ကာ ကိုယ်လုံးတီးချွတ်ဖြင့် တစ်လမ်းဝင်တစ်လမ်းထွက် မြို့ပတ်ခိုင်းကာ အပြစ်ပေးခဲ့ကြောင်း အိန္ဒိယသတင်းစာတွင် ဖော်ပြခဲ့သည်။

မတ်လ ၂၅ ရက်နေ့က ဆောက်လက်စ အဆောက်အဦးတစ်ခု အနီးတွင် ရည်းစားဖြစ်သူအပါအဝင် အမျိုးသားလေးဦးက အသက် ၁၇ နှစ်အရွယ်ကျောင်းသူကို အဓ္ဓမပြုကျင့်ခဲ့ခြင်းဖြစ်ကြောင်း စုံစမ်းစစ်ဆေးရေးရဲအရာရှိ John Neihlaia က ပြောကြားခဲ့သည်။

ဒေါသထွက်နေသော လူအုပ်ကြီးက ဖမ်းဆီးရမိသော အမျိုးသားနှစ်ဦးကို ရဲလက်သို့မအပ်မီ ရိုက်နှက်ပြီးနောက် ကိုယ်လုံးတီးချွတ်ကာ မြို့ထဲပတ်ပြီး သွားလာစေခဲ့ကြောင်းလည်း ပြောကြားခဲ့သည်။

ဖြစ်စဉ်မှာ လူမှုကွန်ယက်ပေါ်မှတစ်ဆင့် ရည်းစားဖြစ်ခဲ့ပြီး ချိန်းသဖြင့် သွားတွေ့ရာမှ ရည်းစားဖြစ်သူအပါအဝင် အမျိုးသား ၄ ဦးက အဓ္ဓမပြုကျင့်ခဲ့ခြင်းဖြစ်သည်။ ထို့နောက် မိန်းကလေးအား နံနက် ၂ နာရီခန့်တွင် သူမ၏ အိမ်ရှေ့၌ ထိုသူများက ချထားပေးခဲ့ပြီး ထွက်သွားခဲ့သည်။ မနက် မိုးလင်းသည့်အခါ ရဲစခန်းသို့ ကာယကံရှင်နှင့် မိဘဖြစ်သူတို့က လာရောက်တိုင်ကြားခဲ့သည်။

မကြာမီပင် ကောင်မလေး၏ အမျိုးနှင့် အိမ်နီးချင်းများက အမျိုးသားနှစ်ဦးကို စွပ်စွဲကာ ဖမ်းဆီးခဲ့ပြီး စိတ်ကြိုက် အပြစ်ပေးပြီးနောက် ရဲလက်သို့ အပ်ခဲ့ခြင်းဖြစ်သည်။
လက်ရှိတွင် ရဲက ထွက်ပြေးလွတ်မြောက်နေသေးသော အသက် ၂၀ ဝန်းကျင် အမျိုးသားနှစ်ဦးကို ထပ်မံရှာဖွေလျှက်ရှိသည်။
 



Follow us on