1. Home
  2. Special or Others

ကလေးငယ်ကိုချုပ်ကာ ရင်ဘတ်ပေါ်တက်တူးထိုးပေးနေတဲ့ ဗီဒီယို ဝေဖန်ခံနေရ

Special or Others เม.ย. 04, 2561 view 2,164

ကလေးငယ်လေးအား မိခင်ဖြစ်ဟန်တူသော အမျိုးသမီးက ချုပ်ပေးထားပြီး တက်တူးဆရာက ကလေးငယ်၏ ရင်ဘတ်ပေါ်တွင် တက်တူးထိုးနေသည့် ဗီဒီယိုတစ်ခုကြောင့် လူမှုကွန်ယက်ပေါ်တွင် အပြန်လှန်ပြောဆိုငြင်းခုံမှုများ ဖြစ်ပေါ်နေပါတယ်။

အဆိုပါဗီဒီယိုဟာ ဗီယက်နမ်နိုင်ငံမှာ ဖြစ်ဟန်တူကြောင်း သတင်းတစ်ခုက ရေးသားထားပါတယ်။ “ကလေးမှာ မှင်ကြောင်ရှိပြီ” ဟူသော စာတန်းနဲ့အတူ တက်လာတဲ့ ဗီဒီယိုကြောင့် အွန်လိုင်းပေါ်မှာ တုံ့ပြန်ဝေဖန်မှုတွေ ပြင်းထန်ခဲ့တာဖြစ်ပါတယ်။

ဗီဒီယိုအရ တက်တူးဆရာက ကလေးငယ်ရဲ့ ရင်ဘတ်ပေါ်မှာ ကာတွန်းဇာတ်ကောင်ပုံတစ်ပုံကို ရေးဆွဲနေတာတွေ့ရပါတယ်။ ဒီဗီဒီယိုကို ကြည့်ပြီး ဒေါသနဲ့ ဝေဖန်ခဲ့သူတစ်ဦးကတော့ “တိရိစ္ဆာန်စိတ်ရှိတဲ့လူတွေပဲ ဒီလိုအလုပ်မျိုးတွေကိုလုပ်မယ်၊ မင်းတို့လိပ်စာ အတိကျမသိတာ ကံကောင်းတယ်မှတ်၊ ဒီကောင်တွေကို ရဲတွေရှာတွေပါစေဗျာ” လို့ ရေးသားထားပါတယ်။

ဗီဒီယိုထဲမှာတော့ သတ္တိခဲလေးက အော်ဟစ်ငိုယိုခြင်းမရှိပေမယ့် ရုန်းကန်နေတာကိုတော့ တွေ့ခဲ့ရပါတယ်။ ဒါကြောင့်မို့ တက်တူးထိုးတယ်ဆိုတာ အစစ်ဖြစ်နိုင်ပါ့မလားလို့ သံသဝင်စရာလည်း ရှိလာပါတယ်။

ဟား.. တက်တူးထိုးရင် လူကြီးတွေတောင် ငိုရတယ်၊ ဒီကလေးက ဘာမှအသံမထွက်ဖူးဆိုတော့ ဂျင်းပါကွာ” လို့ တစ်ဦးကလည်း ထောက်ပြခဲ့ပါတယ်။

ဗီယက်နမ်နိုင်ငံရဲ့ တက်တူးထိုးတဲ့အပေါ်မှာ အမြင်တွေ ပြောင်းလဲလာနေပြီဖြစ်ပါတယ်၊ ဟိုယခင်တုန်းက တက်တူးကို ထိုးပြီးရင် ပုန်းရှိုးကွယ်ရှိုး ဖုံးကွယ်တတ်ကြပေမယ့် ယခုခေတ်လူငယ်တွေကတော့ တက်တူးကို ပေါ်ပေါ်ထင်ထင် ထိုးလာကြတဲ့အတွက် ဗီယက်နမ်နိုင်ငံ မြောက်ပိုင်း တစ်ခုထဲမှာတင် တက်တူးဆိုင်ပေါင်း ၈၀၀ ခန့်ရှိနေပြီလို့ ဆိုပါတယ်။

ဒါပေမယ့်လည်း တက်တူးထိုးခြင်းနဲ့ ပက်သက်တဲ့ နည်းဥပဒေပြဌါန်းချက်က အားနည်းသေးတာကြောင့် အသက်ကန့်သက်ချက်၊ တရားဝင်လုပ်ငန်းလိုင်စင် စတာတွေကို ထပ်မံဖြည့်စွက်ဖို့ လိုနေသေးပါတယ်။
ဒီဗီဒီယိုလေးကို ကြည့်ပြီး အတုလား.. အစစ်လားဆိုတာ.. ဝေဖန်ပေးကြပါဦး။



Follow us on