1. Home
  2. The Voice Myanmar

The Voice Global ရဲ့ Hot This Week မှာ နေရာယူသွားတဲ့ “အမုန်းမြို့သူ”

The Voice Myanmar เม.ย. 05, 2561 view 2,589

The Voice Myanmar ရဲ့ ပြီးခဲ့တဲ့တစ်ပတ်က “Battle Round” ယှဉ်ပြိုင်မှုမှာ အတွဲတွေအားလုံး ကောင်းခဲ့ကြပါတယ်။ ဒါပေမယ့် The Voice Global ကတော့ “Hot This Week” အတွက်တော့ အကောင်းဆုံး အတွဲတစ်တွဲပဲ ရွေးချယ်ပါတယ်။

 

 

အဲဒီအတွဲကတော့ “အမုန်းမြို့သူ” သီချင်းနဲ့ ယှဉ်ပြိုင်ခဲ့ကြတဲ့ Team YC က “Woofer” နဲ့ “Julia Htay” တို့အတွဲပဲဖြစ်ပါတယ်။

 

 

သူတို့အတွဲဟာ ပြီးခဲ့တဲ့အပတ်က ပွဲအဆူဆုံးနဲ့ ရွေးချယ်ရတဲ့နေရာမှာ နည်းပြ ရန်ရန်ချန်း တစ်ယောက် ခေါင်းအစားဆုံးဖြစ်ခဲ့တဲ့ အတွဲပါ။
နှစ်ဦးစလုံးကို နည်းပြတွေအားလုံးနဲ့ ပရိသတ်တွေက သဘောကျခဲ့ပေမယ့် ပြိုင်ပွဲစည်းမျဉ်းအရ တစ်ယောက်ကို မဖြစ်မနေအိမ်ပြန်လွှတ်ခဲ့ရပါတယ်။

 


ရန်ရန်ချန်းရဲ့ ဆုံးဖြတ်ချက် မထွက်လာခင်မှာ “လင်းလင်း” က “ရန်ရန်ချန်း ကြိုက်တဲ့တစ်ယောက်ကိုရွေး၊ မရွေးတဲ့တစ်ယောက် ကျွန်တော်စီစဉ်နေတဲ့ သီချင်းခွေမှာ ဆိုခိုင်းမယ်” လို့ ရုတ်တရက် ထပြောလိုက်ရတဲ့ထိ နှစ်ဦးစလုံးက Live Shows အဆင့်နဲ့ ထိုက်တန်တဲ့သူတွေ ဖြစ်ခဲ့ပါတယ်။

သူတို့နှစ်ဦး Battle Round မယှည်ပြိုင်မီ အင်တာဗျူး ဗီဒီယိုလေးကိုလည်း ကြည့်ရှု အားပေးပါဦး။



Follow us on