1. Home
  2. Movie Stars - Celebrity

ဘောလိဝုဒ်မင်းသား ဆယ်လ်မန်ခမ်း ထောင်ဒဏ် ၅ နှစ် ချမှတ်ခံရ

Movie Stars - Celebrity เม.ย. 06, 2561 view 1,737

အိန္ဒိယရုပ်ရှင် ဘောလိဝုဒ်စူပါစတား မင်းသား ဆယ်လ်မန်ခမ်း (Salman Khan) ဟာ ရှားပါးတဲ့ တောဆိတ်ကို ပစ်ခတ်ဖမ်းဆီးခဲ့မှုနဲ့ အိန္ဒိယနိုင်ငံ တရားရုံးက ထောင်ဒဏ် ၅ နှစ် ပြစ်ဒဏ်ချမှတ်လိုက်ပါတယ်။

ဒါ့အပြင် ရူပီးငွေ ၁၀၀,၀၀၀ (ကျပ် ၂သိန်းကျော်ခန့်) ကိုလည်း ဒဏ်ငွေရိုက်ခဲ့ပါတယ်။ ဆယ်လ်မန်ခမ်းဟာ ၁၉၉၈ ခုနှစ်က အိန္ဒိယနိုင်ငံတောင်ပိုင်းက ပြည်နယ်တစ်ခုဖြစ်တဲ့ ရာဂျက်စသန်ပြည်နယ်မှာ ရုပ်ရှင်ရိုက်ကူးစဉ် တားမြစ်ထားတဲ့ ရှားပါးတောဆိတ် ၂ ကောင်ကို ပစ်ခတ်ခဲ့တာဖြစ်ပါတယ်။

သူနဲ့အတူ အဆိုပါရုပ်ရှင်ကားထဲမှာ ပါဝင်သရုပ်ဆောင်တဲ့ သရုပ်ဆောင် ၄ ဦးကိုလည်း ဖမ်းဆီးစစ်ဆေးခဲ့ပြီးနောက် မပြစ်မရှိကြောင်းထင်ရှားသဖြင့် တရားသေပြန်လွှတ်ပေးခဲ့သည်။

အသက် ၅၂ နှစ်ရှိပြီဖြစ်တဲ့ ဆယ်လ်မန်ခမ်းအနေနဲ့ အမြင့်ဆုံးတရားရုံးမှာ အသနားခံစာ လျှောက်ထားနိုင်ပါတယ်။ အခုချိန်မှာတော့ သူ့ကို အကျဉ်းကို ပို့ဆောင်လိုက်ပြီဖြစ်ပါတယ်။

 

ဆယ်လ်မန်ခမ်း အတွက် ဒါဟာ ၁၉၉၈ ခုနှစ်က “Hum Saath Saath Hain“ ဆိုတဲ့ ရုပ်ရှင်ကားရိုက်ကူးရင်း တားမြစ်ထားတဲ့ သားရဲတိရိစ္ဆာန်ကို ပစ်ခတ်ဖမ်းဆီးတာနဲ့ ဆက်နွယ်ပြီး စွဲချက်တင်ခံရတဲ့ စတုတ္ထမြောက်အကြိမ်ဖြစ်ပါတယ်။

၂၀၀၆ ခုနှစ်ကလည်း အဆိုပါအမှုနဲ့ ပက်သက်ပြီး ထောင်ဒဏ် ၁ နှစ်နှင့် ထောင်ဒဏ် ၅ နှစ် သီးခြားပစ်ဒဏ်များ ချမှတ်ခံခဲ့ရပေမယ့် ရာဂျက်စသန်ပြည်နယ်ရဲ့ အမြင့်ဆုံးတရားရုံးက ဆိုင်းငံ့ထားစေခဲ့တာကြောင့် နှစ်တွေကြာခဲ့ရပါတယ်။

၂၀၁၆ ခုနှစ်ကလည်း ပြစ်မှုထင်ရှားတယ်လို့ ဆုံးဖြတ်ခဲ့ပေမယ့် ပယ်ချခြင်းခံခဲ့ရပြန်ပါတယ်။
၂၀၁၇ ခုနှစ်မှာလည်း လိုင်စင်မရှိပဲ လက်နက်ကိုင်ဆောင်မှု၊ တားမြစ်ထားတဲ့ ရှားပါးတိရိစ္ဆာန် သတ်ဖြတ်မှုတို့နဲ့ စွဲခဲ့ပေမယ့် ထပ်မံပယ်ချခံရပြန်ပါတယ်။

အခုနောက်ဆုံးမှာလည်း ထောင်ဒဏ် ၅ နှစ်နဲ့ ငွေဒဏ်တို့ အသီးသီးချမှတ်ခဲ့ပြန်ပါတယ်။ ဒါပေမယ့် ဆယ်လ်မန်ခမ်းရဲ့ အသနားခံစာတင်မယ်ဆိုရင် ရလာဒ်က ပြောင်းသွားနိုင်ဦးမလားဆိုတာ စောင့်ကြည့်ရပါဦးမည်။
 



Follow us on