1. Home
  2. Movie Stars - Celebrity

ပလပ်စတစ်ဗူးခွံ သုံးလေးဗူးဖြင့် ယူရို ၁.၁ သန်း လိမ်လည်ခဲ့သူ တရားစွဲခံရ

Movie Stars - Celebrity เม.ย. 06, 2561 view 1,803

ဂျာမဏီနိုင်ငံတွင် အမျိုးသားတစ်ဦးက ပလပ်စတစ်ဗူးခွံ သုံးလေးဗူးခန့် အသုံးပြုကာ ယူရို ၁.၁ သန်းကျော် ရရှိအောင် လိမ်လည်ခဲ့မှုဖြင့် တရားရင်ဆိုင်နေရပါတယ်။

ဖွံ့ဖြို့ပြီးနိုင်ငံအချို့မှာ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းစောင့်ရှောက်နိုင်ဖို့အတွက် စွန်ပစ်ပစ္စည်းများကို အတတ်နိုင်ဆုံး ပြန်လည်အသုံးချလလာနိုင်အောင် လုပ်ဆောင်နေကြပါတယ်။ အဲဒီလုပ်ငန်းစဉ်တွေထဲမှာ သုံးပြီးသား ပလပ်စတစ်ဗူးခွံ၊ သတ္တုဗူးခွံတွေကို ဖြစ်သလိုမစွန့်ပစ်ဖို့နဲ့ စုဆောင်းရတာလွယ်ကူစေရန် စွန့်ပစ်ပစ္စည်းထည့်တဲ့ စက်တွေတီထွင်ခဲ့ကြပြီး လာရောက်စွန့်ပစ်သူတိုင်းကို အရေအတွက်အလိုက် ပိုက်ဆံအနည်းငယ် ပြန်ရအောင် ဖန်တီးပေးထားခဲ့ပါတယ်။

ဒီစနစ်ကို ဂျာမဏီနိုင်ငံမှာ ၂၀၀၃ ခုနှစ်က စတင်အသုံးပြုနေခဲ့ပါတယ်။ ယခုဖြစ်စဉ်မှာတော့ အသက် ၂၇ နှစ်အရွယ် အမျိုးသားတစ်ဦးက Recycle စက်ထဲ ဗူခွံအနည်းငယ်သာ အသုံးပြုပြီး စက်ရဲ့ အလုပ်လုပ်ပုံစနစ်ကို လှည့်ဖျားပြီး ယူရို ၁.၁ သန်းထိရအောင် လိမ်လည်ခဲ့ပါတယ်။

သူဟာ ဗူခွံအချို့ကို အသုံးပြုပြီး စက်ထဲကို အကြိမ်ပေါင်း ၄.၈ သန်း ထပ်ခါထပ်ခါပြန်ထည့်ခြင်းဖြင့် ယူရိုငွေ ၁.၁ သန်းကို ရယူခဲ့ပါတယ်။ စက်ကဗူးခွံကို ဆင်ဆာဖြတ်ပြီးနောက် စက်ထဲကို ရောက်မသွားခင်မှာ ဗူးပြန်ထွက်လာအောင် လှည့်စားတဲ့နည်းကို အသုံးပြုခဲ့တာဖြစ်ပါတယ်။

အောက်ပါဗီဒီယိုမှာ Recycle စက်ကို လှည်းစားတဲ့ နမူနာဗီဒီယို မြင်ဖူးစေရန်သာဖြစ်ပြီး ယခုအမှုနဲ့ မသက်ဆိုင်ပါ။


ဗူးခွံတစ်ခါပစ်ထည့်တိုင်း ယူရို ၂၅ ပြား ပြန်လည်ရရှိပါတယ်၊ အဆိုပါဖြတ်ပိုင်းလေးတွေကို Customer Service မှာ ပြန်လည်ထုတ်ယူရတာဖြစ်ပါတယ်။
အဆိုပါစနစ်ကို အင်္ဂလန်နိုင်ငံမှာ ဒီနှစ်အတွင်း စတင်မိတ်ဆက်တော့မှာဖြစ်သလို မလေးရှားနိုင်ငံမှာလည်း ယခုနှစ်ကုန်ပိုင်းမှာ ကျယ်ကျယ်ပြန့်ပြန် ဆောင်ရွက်တော့မှာဖြစ်ပါတယ်။

>> ပလပ်စတစ်ဗူးခွံ၊ သံဗူးခွံစွန့်ပစ်ပြီး ရွှေသားစစ်စစ် ရယူနိုင်မည့်စနစ်စတင်
 



Follow us on