1. Home
  2. Myanmar News

မြန်မာလုပ်သားမိန်းကလေးများ စီးလာသောကား ဘီးပေါက်ကာ ချောက်ထဲထိုးကျ

Myanmar News เม.ย. 10, 2561 view 1,565

အစိုးရ၏တရားဝင်အစီအစဉ်(MOU) ဖြင့် အလုပ်လုပ်ကိုင်ရန် ထိုင်းနိုင်ငံသို့ ထွက်ခွာလာသော ကားကြီးတစ်စီး ဘီးပေါက်ကာ ချောက်ထဲသို့ ထိုးကျခဲ့သဖြင့် မိန်းကလေးအချို့ သေဆုံးခဲ့ကြောင်း ကနဦးသတင်းရရှိသည်။


ဧပြီလ ၁၀ ရက်နေ့ နံနက် ဝေလီဝေလင်းအချိန်တွင် အလုပ်သမားများကို အမျိုးသား၊ အမျိုးသမီး သီးသန့်ခွဲကာ ကားကြီး ၄ စီးဖြင့်တင်ဆောင်လာခဲ့သည်။ မဲဆောက်မြို့မှ ထွက်ခွာလာခဲ့ပြီး စစ်ဆေးရေးဂိတ်အလွန်တွင် အမျိုးသမီးလုပ်သား ၄၀ ကျော်တင်ဆောင်လာသော ကားကြီးတစ်စီးမှာ ဘီးပေါက်ပြီး ချောက်ထဲထိုးကျခဲ့ခြင်းဖြစ်သည်။


ဖြစ်စဉ်တွင် မိန်းကလေး ၆ ဦး သေဆုံး၊ ၁၇ ဦး ဒဏ်ရာရရှိခဲ့ပြီး ဒဏ်ရာရသူများအား ဆေးရုံသို့ ကူညီပို့ဆောင်ပေးလျှက်ရှိကြောင်း AAC မဟာမိတ်အဖွဲ့(ယာယီဖျက်သိမ်း) မှ သတင်းရရှိသည်။
ယာဉ်မောင်းအား သက်ဆိုင်ရာရဲအဖွဲ့မှ ထိန်းသိမ်းထားပြီး စစ်ဆေးမှုများ ဆောင်ရွက်လျှက်ရှိကြောင်း သိရှိရသည်။

 



Follow us on