1. Home
  2. Myanmar News

မန္တလေး မဟာမြတ်မုနိဘုရားကြီး ရွှေမိုက်မှ ရွှေစင် ၁၆ ပိဿာကျော်ရရှိ

Myanmar News เม.ย. 10, 2561 view 1,683

မန္တလေးမြို့ မဟာမြတ်မုနိဘုရားကြီးတွင် ၂၀၁၈ ခုနှစ်အတွက် ရွှေမိုက်ထုတ်ယူခြင်းကို ၂၀၁၇ ခုနှစ်ဖေ​ဖော်ဝါရီ ၁ ရက်နေ့မှ စတင်ခဲ့ရာ ၂၀၁၈ ခုနှစ် ဧပြီလ ၈ ရက်နေ့တွင် ပြီးစီးခဲ့ပြီး သန့်စင်ပြီးသား ရွှေစင် ၁၆ ပိဿာ ၅၈ ကျပ်သား ၁၀ပဲ ၃ ရွေးခန့်ရရှိခဲ့ကြောင်း သိရှိရသည်။

ရွှေမုက်ထုတ်လုပ်ငန်းကို ရွှေမိုက်သူကြီး ဦးအောင်မိုးက ဦးစီးခဲ့ပြီး ရွှေမိုက်ပစ္စည်းများအပါအဝင် ကျောင်းတော်ကြီး ရွှေအသစ်ကပ်လှူရန် ရွှေအဟောင်းများပွတ်ထားသည့် ရွှေများနှင့် ထုပိကာမှ ပျက်စီးယိုယွင်းနေသော ရွှေပြားများ အသစ် လဲလှယ်ခြင်းမှ ထွက်ရှိသည့် မိုက်ပစ္စည်းများကို အဆင့်ဆင့်ပြုလုပ်ကာ သန့်စင်ရွှေထုတ်ယူခဲ့ခြင်းဖြစ်သည်။


ရွှေမိုက်ထုတ်ယူခြင်းကို နှစ်စဉ် တစ်နှစ်တစ်ကြိမ် ပုံမှန်ပြုလုပ်လျှက်ရှိပြီး ယခုနှစ် ရွှေမိုက်မှ သန့်စင်ပြီးရွှေသား ပြန်လည်ရရှိမှုမှာ ယခင်နှစ်များထက် ပိုမိုရရှိခဲ့ကြောင်း သိရှိရသည်။

 



Follow us on