1. Home
  2. Football

မြန်မာနေရှင်နယ်လိဂ်ပွဲစဉ်အချို့အား လုပ်ပွဲဟု အာရှဘောလုံးအဖွဲချုပ် သံသယရှိ

Football เม.ย. 10, 2561 view 1,616

မြန်မာနေရှင်နယ်လိဂ်(MNL)ပြိုင်ပွဲမှ ပွဲစဉ်အချို့ကို အာရှဘောလုံအဖွဲ့ချုပ်(AFC) က လုပ်ပွဲဟု သံသယရှိကြောင်း အကြောင်းကြားစာ ပေးပို့ထားသဖြင့် အဆိုပါကိစ္စနှင့်ပက်သက်ပြီး ဧပြီလ ၁၀ ရက်နေ့(ယနေ့)တွင် အရေးပေါ်တံခါးပိတ် အစည်းဝေးပြုလုပ်မည်ဖြစ်ကြောင်း သိရှိရသည်။

AFC အနေနဲ့ လုပ်ပွဲဟု သံသယရှိသော ပွဲစဉ်အချို့ကို စစ်ဆေးပေးပြန် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် MFF ကို တွန်းအားပေးထားသည်။ အဆိုပါ တံခါးပိတ်စည်းဝေးပွဲတွင် မြန်မာနေရှင်နယ်လိဂ်မှ တာဝန်ရှိသူများ၊ ကလပ်အသင်းများမှ တာဝန်ရှိသူများ တက်ရောက်မည်ဖြစ်ပြီး စုံစမ်းစစ်ဆေးရေးကော်မရှင် ဖွဲစည်းကာ စစ်ဆေးမှုများပြုလုပ်သွားမည်ဖြစ်သည်။

အာရှဘောလုံးအဖွဲချုပ်(AFC) အနေနဲ့ သံသယရှိသော ပွဲစဉ်များမှာ ယခုနှစ်ရာသီ MNL ပွဲစဉ်များ သို့မဟုတ် ပြီးခဲ့သောရာသီ MNL ပွဲစဉ်များထဲမှ မည်သည့်ပွဲစဉ်များအပေါ် သံသယဝင်ခဲ့သည်ကိုမူ ရှင်းလင်းစွာ မသိရသေူးကြောင်း Eleven Media တွင် ဖော်ပြပါရှိသည်။
 



Follow us on