1. Home
  2. Special or Others

ဦးခေါင်းပေါက်ကြီးနဲ့ မွေးဖွားလာသည့်ကလေးအား ငွေကြေးမလုံလောက်၍ ဆေးရုံမှ လက်မခံ

Special or Others เม.ย. 10, 2561 view 1,869

အသက် ၂ လသမီးအရွယ် ကလေးတစ်ဦးဟာ အသက်ရှင်သန်နိုင်ဖို့ကို ခက်ခဲပင်ပန်းစွာ ရုန်းကန်နေရရှာပါတယ်။ သူမဟာ မွေးရာပါ ဦးနှောက်ရဲ့ အစိတ်အပိုင်းမပြည့်စုံသလို ဦးခေါင်းခွံအချို့လည်း ပါမလာခဲ့ပါဘူး။
ကလေးငယ် အသက်ရှင်ရေးအတွက် ခွဲစိတ်ကုသမှုပြုလုပ်ဖို့ မိဘတွေအနေနဲ့ ငွေရေးကြေးရေး အကူညီတွေ လိုနေတာဖြစ်ပါတယ်။ စိတ်မကောင်းစရာကတော့ သူတို့ဒီအခက်ခဲကို ဖြေရှင်းဖို့ အချိန် သိပ်မကျန်တော့ဘူးဆိုတာပါပဲ။


ကလေးငယ်ရဲ့ အခြေအနေက ကမ္ဘောဒီးယားက ဆရာဝန်တွေက လက်မြှောက်ထားရပါတယ်။ အရှေ့တောင်အာရှမှာက ကျန်းမာရေးပညာရှင်တွေကလည်း ကလေးအနေနဲ့ ယခုလိုအလူးအလဲခံစားနေရတဲ့ အဓိကပြသနာက ဦးခေါင်းခွံ အပြည့်အစုံပါမလာတာကြောင့် ဖြစ်တယ်လို့ဆိုပါတယ်။

ဦးခေါင်းခွံအပွင့်နဲ့ ကလေးမွေးဖွားလာမှုဟာ အလွန်အင်မတန်ရှားပါတဲ့ ဖြစ်စဉ်တစ်ခုသာဖြစ်ပါတယ်။ သန္ဓေသားဟာ အမိရဲ့ဝမ်းဗိုက်ထဲမှာ ကောင်းကောင်းမွန်မွန် ဖွံ့ဖြိုးခဲ့ခြင်း မရှိတောကြောင့် ဖြစ်ပါတယ်။ စားရင်းအရဆိုရင် ကလေး ၅,၀၀၀ မှာ ၁ ယောက်လောက် နှစ်စဉ် ဒီလိုပြသနာမျိုးရှိတာကို တွေ့ရပါတယ်။


အခုလိုအခြေနေမျိုးနဲ့ မွေးဖွားလာတဲ့ ကလေးဟာ များသောအားဖြင့် မွေးပြီးပြီးချင်း သေဆုံးတတ်ကြတယ်လို့ ဆေးပညာရှင်များက ဆိုပါတယ်။ အမေရိကန်လို နိုင်ငံမျိုးမှာတောင် ကုသပေးဖို့ နည်းလမ်းမရှိသေးဘူးဖြစ်ပါတယ်။


ကလေးငယ်လေးဟာ ဖနွမ်ပင်မြို့ရဲ့ နောက်မြောက်ပိုင်း ၁၆၇ ကီလိုမီတာဝေးတဲ့ ဘွန်ခမန် ပြည်နယ်မှာ မွေးဖွားခဲ့တာဖြစ်ပါတယ်။ ခြေလက်အင်္ဂါအစုံပါပြီး အလုပ်လုပ်နိုင်ပေမယ့် သူမရဲ့ ဦးခေါင်းမှာ ချိုင့်ခွက်အကြီးကြီး ဖြစ်နေပါတယ်။
လက်ရှိအခြေနေမှာတော့ မိဘတွေရဲ့ ငွေရေးကြေးရေးပြသနာကြောင့် ဆေးရုံပေါ်ကနေ ဆင်းပြီး အိမ်ပြန်ခေါ်သွားဖို့ ဖိအားပေးခံနေရပါတယ်။



Follow us on