1. Home
  2. Special or Others

ချောမောလွန်းလို့ သူတောင်းစားလုပ်တာပါတဲ့

Special or Others เม.ย. 11, 2561 view 1,550

တရုပ်နိုင်ငံ ယူနန်ပြည်နယ်က မြို့ထဲလမ်းဘေးမှာ စာရေးထားတဲ့ ကတ်ပြားလေးကို ရှေ့မှာချထားပြီး တောင်းစားနေတဲ့ အမျိုးသမီးတစ်ဦးဟာ ခဏချင်းမှာပဲ အွန်လိုင်းပေါ်က ထိပ်တန်းသတင်းတစ်ပုဒ် ဖြစ်သွားခဲ့ပါတယ်။

“ချောမောလွန်းလို့ အလုပ်မလုပ်နိုင်ပါဘူး”လို့ အဓိပ္ပါယ်ရတဲ့ စာတန်းကို ရှေ့မှာချထားပြီး တောင်းစားနေတာဖြစ်ပါတယ်။ သူမဟာ အရင်တုန်းက စားပွဲထိုး၊ ငွေကိုင်စတဲ့ အလုပ်တွေကို လုပ်ခဲ့ဖူးပေမယ့် အလုပ်ထုတ်ခံခဲ့ရပါတယ်။


“ဗိုက်ဆာလို့ပါ ၁၀ ယွမ်လောက် စွန့်ကြဲခဲ့ပါ” လို့ ရေးထားရင် သနားတဲ့လူတွေက ပေးချင်ပေးသွားမှာပေါ့ ဒါပေပမယ့် ကျွန်မကတော့ အဲ့လိုမရေးပါဘူးလို့ ဆိုပါတယ်။
သူမရေးထားတာကတော့ -


ကျွန်မဟာ ဟူနန်က သဘာဝအလှတရားနဲ့ပြည့်စုံသူ မိန်းကလေးပါ၊ ကိုယ်လက်အင်္ဂါလည်းကောင်းပါတယ်၊ ကျန်းမာရေးလည်း ပြည့်စုံပါတယ် ဒါပေမယ့် အလုပ်ရှာမယ့်အစား တောင်းစားဖို့ကိုပဲ ရွေးချယ်ခဲ့တာပါ။ စာနာသနားတတ်တဲ့သူတွေကို ကျေးဇူးတင်ပါတယ်

လို့ ကတ်ပြားပေါ်မှာ ရေးသားထားတာဖြစ်ပါတယ်။

သူမရဲ့ဓါတ်ပုံ အွန်လိုင်းပေါ်မှာ ပျံ့နှံ့သွားခဲ့ပြီး သနားသူတွေလည်းရှိသလို၊ အလုပ်မရှာပဲ တောင်းစားနေတဲ့သူမကို ပြစ်တင်ဝေဖန်သူတွေလည်း ရှိနေပါတယ်။ စာဖတ်သူရဲ့ အမြင်လေးကိုလည်း ပြောပြခဲ့ပါဦး။



Follow us on