1. Home
  2. Special or Others

ကမ္ဘာ့လူဦးရေ၏ ၉၅% ကျော် မသန့်ရှင်းသော လေများကို ရှုရှိုက်နေကြရ

Special or Others เม.ย. 18, 2561 view 1,481

၂၀၁၈ ခုနှစ် စစ်တမ်းအရ ကမ္ဘာပေါ်ရှိ လူဦးရေ ၉၅% ကျော်က မသန့်ရှင်းသော၊ ကျန်းမာရေးအတွက် အန္တရာယ်ရှိသော လေများကို ရှုရှိုက်နေကြရပြီး အများစုမှာ ဆင်းရဲသော ဖွံ့ဖြိုးဆဲနိုင်ငံများမှ လူများဖြစ်ကြောင်း ကမ္ဘာလုံးဆိုင်ရာ လေထုညစ်ညမ်းမှုစာတမ်းတွင် ဖော်ပြထားသည်။


ညစ်ညမ်းတဲ့လေထုများဟာ များသောအားဖြင့် ဖွံ့ဖြိုးဆဲနိုင်ငံများမှ ထုတ်လွှတ်နေခြင်းကြောင့် အဆိုပါတိုင်းပြည်များမှ လူများ ခံစားနေရသလို နေအိမ်အတွင်း လောင်စာအဖြစ် ထင်းမီးသွေးစသည်တို့ဖြင့် ချက်ပြုတ်စားသောက်ခြင်း၊ ဆေးလိပ်သောက်သုံးခြင်း တို့ကြောင့်လည်း ကျေးလက်တောရွာများတွင်ပါ အလားတူ ညစ်ညမ်းသော လေများရှုရှိုက်နေရခြင်းဖြစ်သည်ဟု စာတမ်းတွင် ပါရှိသည်။


ညစ်ညမ်းသောလေရှုရှိုက်ရခြင်းကြောင့် ပြီးခဲ့တဲ့နှစ်က လူပေါင်း ၆ သန်းကျော် သေဆုံးခဲ့ရသည်ဟု ကျွမ်းကျင်သူများက သုံးသပ်ထားသည်။ အဆိုပါလေများကြောင့် လေဖြတ်ခြင်း၊ နှလုံးရောဂါ၊ အဆုပ်ကင်ဆာ၊ အဆုပ်နှင့်ဆိုင်သော အခြားရောဂါဖြစ်ပွာရန် မြင့်မားကြောင်း သိရှိရသည်။

ချက်ပြုတ်စားသောက်ရန်အတွက် မီးသွေး၊ ထင်းစသည်တို့ကို လောင်စာအဖြစ် အသုံးပြုနေရခြင်းကြောင့် ၂၀၁၆ ခုနှစ်တွင် အိမ်ထဲမှာနေရင်း လေထုညစ်ညမ်းမှုဒဏ် ခံနေရသောသူ ၂.၆ သိန်းကျော် ရှိခဲ့သည်။ အိန္ဒယနှင့်တရုပ်နိုင်ငံတို့တွင် သေဆုံးသူ ၅ ယောက်လျှင်တစ်ယောက်ဟာ မသန့်ရှင်းသောလေကို ရှုရှိုက်ရခြင်းကြောင့် ဖြစ်သည်ဟု စာတမ်းတွင် ဖော်ပြထားသည်။
 



Follow us on