1. Home
  2. Special or Others

မိန်းကလေးတွေကို လက်သရမ်းလို့ အသက်နဲ့လဲခဲ့ရတဲ့ ထိုင်းသင်္ကြန်

Special or Others เม.ย. 18, 2561 view 1,919
မြန်မာနိုင်ငံနည်းတူ ထိုင်းနိုင်ငံမှာလည်း ဆောင်းခရမ်ရေသဘင်ပွဲတော်ကို ဆင်နွှဲခဲ့ကြပါတယ်။ ဒီလိုရေသဘင်ပွဲကို အခွင့်ကောင်းယူကာ မိန်းကလေးများအပေါ် စိတ်တိုင်းကျ  လိင်ပိုင်ဆိုရာ အမြတ်ထုတ်ခဲ့ကြတဲ့ ထိုင်းလူငယ်အချို့ကတော့ ဒီပွဲတော်မှာ အသက်ပေးခဲ့ကြရပါတယ်။
 
 
ရေသဘင်ပွဲ၏ ထုံးစံအတိုင်း လူငယ်တွေစုပြီး အိမ်ရှေ့မှာ ရေစည်တစ်လုံးကိုရေဖြည့်ပြီး ကိုယ်ပိုင်မဏ္ဍပ်ဖန်တီးပြီး သူငယ်ချင်းများနှင့်အတူ သီချင်းဖွင့်၊ အရက်သောက်ရင်း မြူးထူးခုန်ပေါက်ကာ ရေလောင်းရမယ့်လူကို စောင့်နေခဲ့ပါတယ်။ 
မဏ္ဍပ်ရှေ့ရောက်လာတဲ့ မိန်းမချောလေးများကို တားဆီးကာ ရေနှင့်လောင်း၊ ပေါင်ဒါ(ထိုင်းတွင် အိုးမည်းအစား ပေါင်ဒါမှုန့်ကို ရေဖျော်ပြီး မျက်နှာတွေမှာ လိမ်းပေးတဲ့ထုံးစံရှိ) နှင့်လိမ်းရုံသာမကပဲ တစ်ကိုယ်လုံးကို ပွတ်သတ်ကိုင်တွယ်ပြီး လိင်ပိုင်ဆိုင်ရာ အမြတ်ထုတ်စောကားမှဒတွေ ဖြစ်ပွားခဲ့ပါတယ်။
 
 
စော်ကားခံရတဲ့ မိန်းကလေးများတွေက အော်ဟစ်ပြီး တောင်းပန်တားမြစ်ခဲ့ပေမယ့် လူငယ်အုပ်စုက "ဆောင်ခရမ်မှာ စိတ်ကြိုက်ကိုယ်လုပ်ချင်တာ လုပ်လို့ရတယ်” ဟူဆိုကာ ကျူးလွန်မြဲတိုင်း ကျူးလွန်ခဲ့ကြပါတယ်။  အချို့မိန်းကလေးတွေက ဘာမှမတုံ့ပြန်နိုင်ပဲ ငြိမ်ခံလိုက်ကြရပေမယ့်၊ အစ်ကိုမောင်ဖွား၊ ရည်းစားသနာရှိတဲ့ မိန်းကလေးတွေကတော့ စိတ်တိုပြီး “အေး..နင်တို့ တွေ့မယ် ဒီမှာစောင့်နေ" ဆိုပြီး ကျိမ်းဝါးကာ ထွက်သွားခဲ့ကြပါတယ်။ အဲဒီမှာတင် ပြဿနာက စတက်ပါပြီ။
 
 
“ဒိုင်း” ဆိုတဲ့ သေနတ်သံတစ်ချက် ကြားလိုက်ရပြီး ခုနက မိန်းကလေးတွေကို စိတ်ကြိုက်ကိုင်တိုင်တွယ်ကြပြီး မူးရူးနေတဲ့လူငယ်အုပ်စုဟာ ကြက်သေ သေသွားခဲ့ပါတယ်။ သူတို့ရဲ့မျက်စိရှေ့မှာတော့ သူငယ်ချင်းတစ်ယောက် လည်ပင်းမှာ ကျည်ဆံမှန်ဒဏ်ရာကနေ သွေးများနှင့်အတူ နေရာမှာတင် လဲကျသေးဆုံးခဲ့ပါတယ်။ အဲဒီအခါမှ တစ်ယောက်မကျန် ကြောက်လန့်ပြီးထွက်ပြေးခဲ့ကြပါတယ် ။
 
 
ဆောင်ခရမ်မှာ မိန်းကလေးတွေကို လုပ်ချင်းတိုင်းလုပ်ရတာ တန်တယ်လို့ ခံယူထားတဲ့ ယောက်ျားလေး လူငယ်အချို့ အခုလို သူတို့အသက်နဲ့ရင်းလိုက်ရတ


Follow us on