1. Home
  2. Special or Others

၆ လသမီးလေးကို အိမ်ခေါင်းမိုးပေါ်မှ လွှင့်ပစ်ကာ ဆန္ဒပြခဲ့သည့်ဖခင်

Special or Others เม.ย. 18, 2561 view 1,532

တောင်အာဖရိကနိုင်ငံတွင် ကျူးကျော်တဲထိုးနေထိုင်သူများအား ဖယ်ရှားရန် အာဏာပိုင်ရဲအဖွဲ့က ကြိုးပမ်းခဲ့ရာ ကျူးကျော်နေထိုင်သူများထဲမှ ဖခင်တစ်ဦးက သူ၏နေအိမ်ကို ဖယ်ရှားမည်ဆိုပါက သူ၏ ၆ လအရွယ်သမီးငယ်အား ခြေထောက်မှ ဇောက်ထိုးဆွဲထားကာ လွှင့်ပစ်မည်ဟု ခေါင်မိုးပေါ်တက်ကာ ခြိမ်းခြောက်ခဲ့သည်။


ရဲအဖွဲ့က သူ့အား တားမြစ်ပြီး ကလေးကို ကယ်တင်ရန် အမိုးပေါ်တက်လာစဉ် ကလေးကို ဇောက်ထိုးအနေအထားနဲ့ လွှဲကာ အဝေးကို လွင့်ပစ်ခဲ့သည်။ သူ၏ လုပ်ရပ်ကို သူနဲ့အတူ ဆန္ဒပြနေသူကြများနဲ့ ရဲအဖွဲ့များက အလွန်ပင်အံ့အားသင့်ခဲ့ရသည်။


ကံကောင်းထောက်မစွာနဲ့ လွှင့်ထွက်သွားသော ကလေးကို မြေပြင်ရှိ ရဲအဖွဲ့က မိမိရရ ဆီးဖမ်းနိုင်ခဲ့သဖြင့် ထိခိုက်ဒဏ်ရာ မရရှိခဲ့။ အဲလိဇဘတ်ဆိပ်ကမ်းအနီး ရပ်ကွက်တစ်ခုအနီးတွင် ကျူးကျော်တဲ အလုံး ၉၀ ခန့်လာရောက်နေထိုင်သူများကို ဖယ်ရှားပေးရန် ဆောင်ရွက်စဉ် လူ ၁၅၀ ခန့်ပါဝင်သော ဆန္ဒပြရုန်းရင်းဆန်ခတ်မှု ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။


ထို့နောက် အသက် ၃၈ နှစ်အရွယ်အမျိုးသားက သူ၏နေအိမ်အား ဖျက်ဆီးဖယ်ရှားမည်ဆိုပါက သူ၏သမီးငယ်ကို လွှင့်ပစ်မည်ဟု ခြိမ်းခြောက်ခဲ့ပြီး အမှန်တစ်ကယ် လွှင့်ပစ်ခဲ့ခြင်းဖြစ်သည်။ ကလေးငယ်အား ရဲအဖွဲ့မှ မိခင်ဖြစ်သူထံ လွှဲပြောင်းပေးခဲ့ပြီး ကလေး၏ လုံခြုံရေးကို လူမှုအဖွဲ့အစည်းက ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်သည်။

လက်ရှိတွင် ကျူးကျော်တဲပေါင်း ၉၀ ကို အောင်မြင်စွာ ဖျက်ဆီးဖယ်ရှားနိုင်ခဲ့ပြီး ကလေး၏ ဖခင်အား အရေးယူထားကြောင်း သိရှိရသည်။

 



Follow us on