
သီချင်းလက်ရာကောင်းမြောက်များစွာကို ဖန်တီးရေးသား သီဆိုခဲ့သည့် တေးရေးတေးဆို ဆရာစိုင်းခမ်းလိတ်၏အကြောင်း ကိုယ်ရေးမှတ်တမ်းများကို ရေးသားသူများအနေနဲ့ ဥပဒေနှင့် ညိစွန်းမည်ဖြစ်ကြောင်း ဆရာ့၏ဇနီးသည် ဒေါ်နွဲ့နွဲ့တင်မှ လူမှုကွန်ယက်ပေါ်မှ အသိပေးပြောကြားလိုက်သည်။
ဆရာစိုင်းခမ်းလိတ်၏ ကိုယ်ရေးမှတ်တမ်းကို မည်သူကိုမှ ရေးသားခွင့် မပေးထားပါ။ သိ၍ဖြစ်စေ၊ မသိပဲဖြစ်စေ ထင်တစ်လုံးသုံးပြီး ဆရာ့အကြောင်း ရေးသားခြင်းများသည် အမှားဖြန့်ဝေခြင်းများ ဖြစ်နေပါသဖြင့် ကျေးဇူးပြုပြီး ရပ်တန့်ပေးပါရန် ထပ်ကျော့ တင်ဆက်ခြင်းများလည်း မလုပ်ကြပါရန် တောင်းဆိုအပ်ပါသည်။ နောင် Copy Right Law အရ ညိစွန်းသွားနိုင်ကြောင်းလည်း အသိပေးအပ်ပါသည်။
ဒေါ်နွဲ့နွဲ့တင်
၁၃၈၀ မြန်မာနှစ်ဆန်း၂ရက် (18/4/2018)
ဗုဒ္ဓဟူးနေ့ ညနေ ၆/၃၀
သတင်းရင်းမြစ် - Oo Hla Oo
comment