ယခုတစ်လောဖေ့စ်ဘွတ်ပေါ်မှာ အနုပညာရှင်တွေရဲ့နာမည်များနဲ့ ကံစမ်းမဲအမျိုးမျိုး ဖောက်ပေးတာတွေလုပ်နေကြတာကို တွေ့ရပါတယ်။ အခုလဲ အဆိုတော်မင်းသမီး ချစ်သုဝေနာမည်နဲ့ ပေ့ခ်ျတစ်ခုကနေ ငွေသားကံစမ်းမဲဖောက်ပေးမယ်ဆိုတဲ့သတင်းတွေ ပျံ့နှံ့လို့နေပါတယ်။ ထိုကံစမ်းမဲပို့စ်ကို ရှယ်သူအရေအတွက်ကလဲ သောင်းချီရှိလို့နေပါတယ်။
အဆိုတော်လင်းလင်းက ကံစမ်းမဲပေ့ခ်ျနဲ့ပတ်သက်ပြီးပြောကြားရမှာ လင်းလင်းနဲ့ချစ်သုဝေတို့ပြုလုပ်ခဲ့တဲ့ ပရဟိတအလှူအတန်းလေးနဲ့ လုပ်ရန်ရှိတဲ့အစီအစဉ်အသစ်လေးနဲ့အစချီပြီးပြောသားခဲ့ပါတယ်။ “နေပြည်တော်နားက တရားရင်ဆိုင်နေရတဲ့ အဘွားအိုကြီးကိုအလှူသွားလုပ်ပြီး ကျနော် Facebook တင်ဖူးတယ်,,ဘာလို့လဲဆိုတော့ သိသွားရင်သွားပြီးထပ်လှူလို့ရအောင်လို့,,, မန္တလေးမှာ စွန့်ပစ်ခံဘို့ဘွားရိပ်သာ တစ်ခုကိုသွားပြီး သိန်း၂၈၀ တန်အဆောက်အဦးတစ်ခုလှူတာကို Facebook တင်ဖူးတယ်,, ဘာလို့လဲဆိုတော့ လူသိများသွားရင် သွားလှူလို့ရအောင်လို့,, ကျနော့်မိန်းမချစ်သုဝေ စာတော်ပြီးငွေကြေးမပြည့်စုံတဲ့ကလေးတွေကို ကျောင်းစရိတ်ထုတ်ပေးတယ် တစ်ချို့ဆေးကျောင်းတောင်တက်နေပြီ,, ဒါပေမယ့် Facebook မတင်ဘူး,, ဘာလို့လဲဆိုတော့ မလိုအပ်လို့ ,,, ကျနော်တို့လုပ်နေတဲ့ တစ်ပိုင်တစ်နိုင်တစ်ခြား အလှူတွေအများကြီးရှိတယ် Facebook မတင်ဘူး,, ဘာလို့လဲဆိုတော့ မလိုအပ်ဘူးထင်လို့,,, အခုမွေးထားတဲ့ သမီးနှစ်ယောက်နာမည်နဲ့ ငါးနှစ်အောက်ကလေးတွေရဲ့ ကျန်းမာရေးနဲ့ပတ်သတ်ပြီး ပရိုဂရမ်အကြီးကြီးလုပ်ပြီး စီးပွားရေးလုံးဝ(လုံးဝ) မပါတဲ့ အလှူအကြီးကြီး လုပ်ဖို့ရှိတယ်,,, အမေစု နဲ့တောင် ဖွင့်ပြောတိုင်ပင်ပြီးပြီ,,, ပညာရှင်တွေနဲ့လဲ တိုင်ပင်စီစဉ်နေတယ်,, ရုပ်သံတစ်ခုနဲ့လဲ ဆွေးနွေးပြင်ဆင်နေတယ်,, ဒါပေမယ့် Facebook မတင်သေးဘူး,, ဘာလို့လဲဆိုတော့ မလိုအပ်သေးဘူးထင်လို့,, အဲဒီတော့ အောက်က စကင်ရှော့ ရိုက်ထားတဲ့ ပေ့ခ်ျကအတုလားအစစ်လား စဉ်စားပေါ့လေ,,” ဆိုပြီးရေးသားထားပါတယ်။
ဆက်လက်ပြီး အဆိုတော်လင်းလင်းက ကံစမ်းမဲဖောက်ပေးမယ်ဆိုတဲ့ပေ့ခ်ျကအတုသာဖြစ်ကြောင်းနဲ့ အကောင့်အစစ်မှာ ကံစမ်းမဲဖောက်ပေးတာတွေမလုပ်ပါဘူးဆိုပြီးပြောထားပါတယ်။ ထိုသို့သောပို့စ်များနဲ့ ပေ့ခ်ျများကိုတွေ့ပါက ရီပို့ဒ်ထုပေးကြဖို့လဲ ပရိသတ်တွေကိုတောင်းဆိုထားပါတယ်။ “ကျနော့်ရဲ့ ဒီပေ့ခ်ျကကံစမ်းမဲမပါဘူး, မဲလဲဖောက်မပေးဘူး။ ဘာလို့လဲဆိုတော့ အခုဒီအကောင့်ကအစစ်မို့လို့ပါ,,လိုရင်းကိုပြောရရင် ဒီအောက်က ပေ့ခ်ျကအတုကြီးပါ။ ဖော်လိုဝါများလာရင် နာမည်ပြောင်းပြီး စီးပွားရေးလုပ်ရင်လုပ် , ဒါမှမဟုတ် ကျုပ်တို့ကိုမဟုတ်တာတွေလုပ်ပြီး သိက္ခာချမှာပေါ့,, ဒီတော့ အဆင်ပြေမယ်ဆိုရင် report လေးထုပေးပေါ့,, Share တဲ့လူကလဲ နှစ်သောင်းတောင်ကျော်တယ်,,,
ဖီလင် - အားအားယားယား လက်ဖြန့်တောင်းတဲ့ စောက်ကျင့်တွေကို တွန်းလှန်ကြပါစို့,,
(ကျနော်တို့ လင်မယားနှစ်ယောက်က အခုဒီအကောင့်နှစ်ခုဘဲ ရှိပါတယ် ,,,,,)” ဆိုပြီး လင်းလင်းနဲ့ချစ်သုဝေသုံးတဲ့ အကောင့်အစစ်က နှစ်ခုသာရှိပြီး ကျန်သောပေ့ခ်ျများနဲ့ အကောင့်တွေကအတုတွေသာဖြစ်တယ်လို့ ပြောထားပါတယ်။
လင်းလင်းနဲ့ချစ်သုဝေတို့နှစ်ယောက်က အနုပညာနယ်ပယ်မှာအောင်မြင်ကျော်ကြားတဲ့သူများဖြစ်ကြသလို ယခုအခါမှာလဲ ချစ်စရာသမီးအမွှာလေးနှစ်ယောက်နဲ့အတူ ပျော်ရွှင်တဲ့မိသားစုဘ၀ကိုပိုင်ဆိုင်ထားကြသူများလဲဖြစ်ကြပါတယ်။ သမီးလေးနှစ်ယောက်ကချစ်စရာကောင်းလွန်းတာကြောင့် ဖေဖေ၊ မေမေရဲ့အချစ်တွေအပြင် ပရိသတ်တွေရဲ့အချစ်တွေကိုပါရရှိထားကြတဲ့ အချစ်တော်လေးတွေဖြစ်ပါတယ်။