1. Home
  2. Myanmar News

မနှစ်ကသင်္ကြန်ရန်ကြွေးကို ဒီနှစ်အတိုးပါ​ ပေါင်းဆပ်လိုက်တဲ့ ၁၄ နှစ်သား

Myanmar News เม.ย. 20, 2561 view 1,645
ဧပြီလ ၁၇ ရက်နေ့ ည ၉ နာရီအချိန်ခန့်၊ ပခုက္ကူမြို့ အမှတ် ( ၁၁ ) ရပ်ကွက်ရှိ စည်ပင်သာယာ အမှိုက်ပုံအနီးတွင် ၁၄ နှစ်အရွယ် လူငယ်က အသက် ၃၅ နှစ်အရွယ် အမျိုးသားအား ဓားဖြင့်ထိုးသတ်မှု ဖြစ်ပွားခဲ့ကြောင်းသိရှိရသည် ။
 
ဖြစ်စဉ်မှာ အသက် ၁၄ နှစ်အရွယ် “ဒိုးကြီး"ဆိုသူက ည ၉ နာရီခန့်တွင် "သန်းစိုး" အသက် ၃၅ နှစ်နှင့်အတူ စကားပြောစရာရှိသည်ဟုဆိုကာ အမှိုက်ကုန်းဘက်သို့ခေါ်သွားခဲ့ပြီး ခလုတ်ဓားဖြင့် သန်းစိုးကို ထိုးသတ်ခဲ့သည်ဟု သိရသည်။ သတ်ရတဲ့အကြောင်းအရင်းကတော့ ၂၀၁၇ ခုနှစ် သင်္ကြန်တုန်းက သန်းစိုးက ၄င်းအားရိုက်နှက်ခဲ့သည်ကို မကျေနပ်လို့ ခုလိုထိုးသတ်ခဲ့သည်ဟု ဆိုပါသည် ။
 
 
“သေဆုံးသူကတော့ အမှတ် (၁၁) ရပ်ကွက် ၂၃ လမ်းက ကိုသန်းစိုးပါ။ ကျူးလွန်သူကတော့ တစ်ရပ်ကွက်တည်းနေ နီဂရိုး(ခ)ဒိုးကြီး(ခ)ထွန်းထွန်းဦး အသက် ၁၄ နှစ်ပါ။ အိမ်ချင်းကပ်လျက် မျက်စောင်းထိုးနေကြတဲ့ တစ်ရပ်ကွက်တည်းသားတွေပါ။ ဖြစ်စဉ်ကတော့ လူမှုရေးပုဂ္ဂိုလ်ရေး မကျေနပ်ချက်တွေနဲ့ ကျူးလွန်သွားခဲ့တာပါ။ ရရှိတဲ့ဒဏ်ရာတွေ အနေအထားကတော့ လက်နက်တစ်ခုတည်းနဲ့ ကျူးလွန်ခဲ့တယ်လို့ ဆရာဝန်ရဲ့ တွေ့ရှိချက်ရော ကျွန်တော်တို့ရဲ့ ယူဆချက်ရော စိစစ်တွေ့ရှိရပါတယ်။ အခင်းဖြစ်တဲ့နေရာမှာလည်း ဝရုန်းသုန်းကား လုံးထွေးသတ်ပုတ်ထားတာ သိပ်မတွေ့ရဘဲ တစ်ဦးနဲ့တစ်ဦး ကျူးလွန်တဲ့အနေအထားမျိုး တွေ့ရှိရပါတယ်။ အသက်မပြည့်သေးတော့ ကျွန်တော့် စခန်းမှူးရဲ့အောက်မှာပဲ ထိန်းသိမ်းထားပြီးတော့ ဆက်လက်စစ်ဆေး ဆောင်ရွက်လျက်ရှိပါတယ်” ဟု Eleven သတင်းဋ္ဌာနတွင်း ရေးသားဖော်ပြထားပါသည် ။
 
အဆိုပါဖြစ်စဉ်နှင့်ပက်သက်ပြီး ပခုက္ကူမြို့မရဲစခန်းတွင် ဒိုးကြီးအား (ပ) ၉၇၂/၂၀၁၈ ရာဇသတ်ကြီးပုဒ်မ ၃၀၁ ဖြင့် အမှုဖွင့်အရေးယူ ဆောင်ရွက်လျက်ရှိကြောင်း သိရသည် ။


Follow us on