1. Home
  2. Myanmar News

ဒုရဲမှူးမိုးရန်နိုင်၏ ဇနီးက မိသားစုလုံခြုံရေးအတွက် စိုးရိမ်ကြောင်း သတင်းစာရှင်းလင်းပွဲ၌ပြောကြား

Myanmar News เม.ย. 23, 2561 view 1,646

မြန်မာနိုင်ငံ လျှိုဝှက်အက်ဥပဒေဖြင့် တရားစွဲခံထားရသော ဒုရဲမှူးမိုးရန်နိုင်၏ ဇနီးဖြစ်သူ ဒေါ်တူးတူးက မိသားစု၏ လုံခြုံရေးအတွက် စိုးရိမ်ကြောင်း​၊ လုံခြုံမှုမရှိသလို ခံစားနေရသည့်အတွက် နိုင်ငံတော်အကြီ:အကဲများအနေနဲ့ အမှန်တရဦးပေါ်ပေါက်ရန် ဆောင်ရွက်ပေးပြီ: မိသားစုလုံခြုံရေးအတွက်လည်း စောင့်ရှောက်ပေးပါရန် ဧပြီလ ၂၂ ရက်ညနေ ၃ နာရီက မန္တလေးမြို့မီဒီယာစင်တာတွင် သတင်းစာရှင်းလင်းပွဲပြုလုပ်ကာ တောင်းဆိုခဲ့သည်။


အဆိုပါသတင်းစာရှင်းလင်းပွဲတွင် ဒေါ်တူးတူးက “မလုံခြုံဘူးလို့ ခံစားနေရပြီးဘယ်မှမထွက်ရဲဘူး။ ဘယ်လိုများဆွဲစိလိုက်မလဲ ကျမတို့ကြောက်လန့်နေရတယ်။ ကျမယောက်ျားကို ဘယ်လို ရိုက်နှက် နှိပ်စက်နေကြမလဲ။ ဘယ်နေရာရောက်နေလဲ မသိရဘူး။ ရုံးထုတ်တဲ့နေ့ကပဲ ဖြူလား မဲလား တွေ့လိုက်ရပြီး ခုချိန်ထိ စကားတစ်ခွန်းမှ မပြောရသေးဘူး။ ဒါကြောင့် နိုင်ငံတော်အကြီး အကဲများက ကျမတို့ မိသားစုကို လုံခြုံရေးနဲ့ အမှန်တရးပေါ်ပေါက်ရေးအတွက် စောင့်ရှောက်ပေးတော်မူ ကြပါလို့ ပြောချင်ပါတယ်။” လို့ ဆိုပါတယ်။


 ဒုရဲမှူးမိုးရန်နိုင်ဟာ ရိုက်တာသတင်းထောက်မှစ်ဦး၏ အမှုကိစ္စအတွက် တရားရုံးတွင် စစ်ဆေးခံခဲ့ရာ ရဲမှူးချုပ် တင်ကိုကို၏ အမိန့်ပေးခိုင်းစေချက်အရ လုပ်ဆောင်ခဲ့ရကြောင်း ထွက်ဆိုခဲ့ပြီးနောက် ဖမ်းဆီးတရားစွဲဆိုခြင်းခံခဲ့ရခြင်းဖြစ်သည်။

ဒုရဲမှူးမိုးရန်နိုင်တွင် သားသမီး ၃ ဦးရှိပြီး အကြီးဆုံးသမီးမှာ မိတ္ထီလာစီးပွားရေတက္ကသိုလ်တွင် တက်ရောက်နေပြီး သားဖြစ်သူမှာ ၁၀ တန်းဖြေဆိုထားကာ အငယ်ဆုံးသမီးကတော့ သတ္တမတန်းကျောင်းသူ ဖြစ်ကြောင်းသိရှိရသည်။

ရုပ်သံသတင်း - MandalayNews
 

 
 



Follow us on