1. Home
  2. Special or Others

အုပ်စုလိုက် အတွဲပြောင်းပြီး လိင်ဆက်ဆံနေချိန် ရဲများဝင်ဖမ်း

Special or Others เม.ย. 23, 2561 view 1,914
ဧပြီလ ၂၂ ရက်နေ့က ထိုင်းနိုင်ငံ ပတ္တရားဟိုတယ်တစ်ခုတွင် အမျိုးသမီး ၁၄ ဦးနဲ့ အမျိုးအသား ၁၄ ဦး စုံတွဲတို့ အခန်းတစ်ခုအတွင်း အုပ်စုလိုက် လိင်ပါတီပွဲ ဆက်ဆံနေချိန်တွင် ရဲများက ဝင်ရောက်ဖမ်းဆီးခဲ့သည်ဟု သိရသည် ။
 
 
ဖြစ်စဉ်မှာ ဖရာတမ်နက်ဒေသအတွင်း အုပ်စုလိုက် အတွဲပြောင်းပြီး လိင်ဆက်ဆံပွဲရှိသည်ဟု ပြည်သူများထံမှ ရဲများထံသို့တိုင်ကြားချက်အရ ဘန်လမန်ခရိုင် အုပ်ချုပ်ရေး အာဏာပိုင်တွေက ရဲနှင့်စစ်သားများ ပူးပေါင်းစစ်ဆေးခဲ့ရာ ဟိုတယ်ရှိ မြေညီထပ် အခန်းတစ်ခုထဲမှာ အုပ်စုလိုက် အဝတ်အစားမပါဘဲ လိင်ဆက်ဆံနေကြတဲ့ စုံတွဲ ၁၄ တွဲ စုစု ပေါင်း လူ ၂၈ ဦးကို ရဲများက တွေရှိခဲ့ပါတယ်။
 
 
"ဒီလူတွေထဲမှာ အမေရိကန်၊ ကနေဒါ၊ တရုတ်၊ မလေးရှား၊ စင်ကာပူ၊ ဂျာမန်၊ ထိုင်း၊ ကမ္ဘောဒီးယား၊ အိန္ဒိယနဲ့ ယူကရိန်းလူမျိုးတွေ ပါတယ်လို့သိရပြီး အဲဒီလူတွေကို ဥပဒေအရ အရေးယူဖို့ ဖမ်းဆီးလိုက်ပါတယ်။ ဒီပါတီပွဲကို တက်ချင်တဲ့လူတွေက ဝက်ဘ်ဆိုက်ကတဆင့် စာရင်းသွင်းရပြီး ဝင်ကြေးကတော့ တဦးကို ဘတ် ၁၅၀၀ ပေးရတယ်လို့ " Dailynews သတင်းတွင်းရေးသားဖော်ပြထားပါသည် ။
 
 
အဆိုပါဖြစ်စဉ်နှင့်ပတ်သက်ပြီး ဟိုတယ်ကြီးကြပ်သူ တရုတ်လူမျိုး အသက် ၃၅ နှစ် ရှန်ချိုင်ယန်ကို တရားမဝင် လိင်ဆက်ဆံပွဲ ကျင်းပပေးမှု ဥပဒေချိုးဖောက်မှုနဲ့ ဖမ်းဆီးထားတယ်လို့သိရသည် ။


Follow us on