1. Home
  2. Movie Stars - Celebrity

ခွဲခြားဆက်ဆံမှုတွေရှိခဲ့တယ်လို့ Myanmar Idol ဝေဖန်ခံနေရ

Movie Stars - Celebrity เม.ย. 23, 2561 view 1,831

Season 2 မှာ မြန်မာတစ်နိုင်ငံလုံးကို လှုပ်ခါသွားနိုင်ခဲ့အောင် အောင်မြင်မှုတွေရခဲ့ပြီး Season 3 ကို လည်ပင်းရှည်အောင် မျှော်ခဲ့ကြရတဲ့ Myanmar Idol သီချင်းဆိုပြိုင်ပွဲကြီးရဲ့ အသံစစ်ဆေးမှု၊ ပထမပိုင်းထုတ်လွှင့်မှုအပြီးမှာတော့ ဒိုင်အချို့ရဲ့ ပြိုင်ပွဲဝင်တွေကို တုံ့ပြန်ဆက်ဆံခဲ့မှုတွေအပေါ် ဝေဖန်မှုတွေ ဆူညံသွားခဲ့ပါတယ်။


ပြီးခဲ့တဲ့ သောကြာနေ့ည ၉ နာရီ MNTV က ထုတ်လွှင့်ပြသခဲ့တဲ့ မန္တလေးမြို့ အသံစစ်ဆေးမှုအပိုင်းမှာ အားနည်းတဲ့ပြိုင်ပွဲဝင်အချို့ကို ဒိုင်လူကြီးတွေက ခွဲခြားဆက်ဆံမှုတွေရှိခဲ့တယ်၊ အရှက်ခွဲခဲ့တယ်လို့ Myanmar Idol ရဲ့ တရားဝင် ဖေ့စ်ဘွခ်စာမျက်နှာထက်မှာ ဆူညံခဲ့တာပဲဖြစ်ပါတယ်။

ပရိသတ်တွေ ပထမဦးဆုံး ဝေဖန်ခဲ့ကြတဲ့ ပြိုင်ပွဲဝင်ကတော့ မျက်မမြင်တစ်ဦးဖြစ်တဲ့ “ကိုဇင်မင်းထက်” ဖြစ်ပါတယ်၊ မျက်မမြင်တစ်ဦးဖြစ်ပေမယ့် ဂစ်တာကို ကိုယ်တိုင်တီးပြီး အမှားအယွင်းမရှိ လက်ခံနိုင်လောက်တဲ့ အသံနဲ့ ယှဉ်ပြိုင်ခဲ့ပေမယ့် ဒိုင်နှစ်ဦး (ရန်အောင်၊ တင်ဇာမော်) “Yes” ၊ ဒိုင်နှစ်ဦး (မြန်မာပြည်သိန်းတန်၊ မျိုးကျော့မြိုင်) “No” တို့နဲ့ ရွေးချယ်ခြင်း မခံခဲ့ရပါဘူး။

ဒိုင်လူကြီးနှစ်ဦးဖြစ်တဲ့ မျိုးကျော့မြိုင်နဲ့ မြန်မာပြည်သိန်းတန် တို့ရဲ့ မှတ်ချက်တွေအရ Myanmar Idol ရဲ့ ခရီးစဉ်ရှည်ကြီးမှာ ပါဖောင်းမန့်စ် လုပ်ရတာမျိုးတွေနဲ့ အခြားတင်ဆက်မှုတွေပါ ရှိနေတာကြောင့် ပယ်ခဲ့ရတယ်ဆိုတဲ့ သဘောမျိုးပြောသွားခဲ့ပါတယ်။

ဒီလိုလုပ်လိုက်တာဟာ ခွဲခြားဆက်ဆံခံလိုက်ရသလိုဖြစ်ခဲ့ပြီး နဂိုထဲကပြိုင်ပွဲရဲ့ စည်းကမ်းထဲမှာ ကြိုတင်ကန့်သတ်ထားဖို့ သင့်ကြောင်း ဝေဖန်ခဲ့တာကို အောက်ပါအတိုင်းတွေ့ရပါတယ်။


မျက်မမြင်တစ်ဦးဖြစ်တဲ့ “ကိုဇင်မင်းထက်” ရဲ့ သီဆိုမှုကို ကြည့်ပြီး ရွေးသင့်မရွေးသင့်ဆိုတာ ပရိသတ်ကြီးကိုယ်တိုင်လည်း ​ဝေဖန်ပေးကြပါဦး။


ဒုတိယဝေဖန်ခံခဲ့ရတာကတော့ မြစ်သားမြို့က ပြိုင်ပွဲဝင် “ချင့်ကေကို” ပဲ ဖြစ်ပါတယ်။ ဒီနေရာမှာတော့ ဒိုင်တွေကိုသာမကပဲ ဒိုင်တွေဆီကို မပို့ပေးခင် ပမာဏအသံစစ်ဆေးမှု ပြုလုပ်ခဲ့တဲ့သူတွေကိုပါ အပြစ်တင်ခဲ့ကြတာဖြစ်ပါတယ်။


တီဗီပေါ်မှာ ကြည့်ရှုရတဲ့ ပရိသတ်တွေအနေနဲ့ တသောသော ပွဲကျစရာဖြစ်ခဲ့ပေမယ့် ပြိုင်ပွဲဝင်အတွက်တော့ အရှက်ရစရာဖြစ်ခဲ့တယ်လို့ ဝေဖန်ခဲ့ကြပါတယ်။ ဒိုင်လူကြီး မြန်မာပြည်သိန်းတန်ရဲ့  ပြိုင်ပွဲဝင်အပေါ် တုံ့ပြန်ဆက်ဆံခဲ့မှုကိုလည်း အောက်ပါအတိုင်း ဝေဖန်ခဲ့ကြပါတယ်။

 

ရန်အောင်နဲ့ မျိုးကျော့မြိုင်တို့က Myanmar Idol Season 3 မှာ ဒိုင်အဖြစ်ဆောင်ရွက်တာ ပထမဦးဆုံးအကြိမ်ဖြစ်ပြီး သူတို့နှစ်ဦးလုံးက မြန်မာပြည်သိန်းတန် ရဲ့ သြဇာအရှိန်လွှမ်းမိုးခံနေရတယ် (သို့) ကျွတ်နေကြတယ်ဆိုတာ သူတို့တွေရဲ့ စကားဝိုင်းမှာ အရိပ်အမြွတ်တွေ့မြင်ခဲ့ရပါတယ်။

 


Myanmar Idol ဟာ အငြင်းပွားမှုတွေ၊ သဘောထားကွဲလွဲမှုတွေ ဘယ်လောက်ပင်ရှိရှိ နောက်ဆုံးမှာတော့ အောင်မြင်တဲ့အစီစဉ်တစ်ခုအဖြစ် အဆုံးသတ် ကောင်းသွားမြဲဖြစ်တာကြောင့် နောက်လာမယ့် အပိုင်းများကိုလည်း စောင့်ကြည့်အားပေးနေကြမှာ အမှန်ပဲဖြစ်ပါတယ်။
 



Follow us on