
ပရိတ်သတ်တွေရဲ့အားပေးချစ်ခင်မှုကို အပြည့်အ၀ရရှိထားတဲ့ နိုင်ငံကျော် အဆိုတော်မလေးအိမ့်ချစ်တစ်ယောက် ကိုရီးယားကိုရောက်ရှိလို့နေပါတယ်။ ကိုရီးယားရောက်ရွှေမြန်မာတို့အတွက် ကျင်းပပြုလုပ်ပေးတဲ့ သင်္ကြန်ပွဲတော်ဖျော်ဖြေရေးအစီအစဉ်ဖြင့် အဆိုတော် တူးတူး၊ သရုပ်ဆောင် စိုးပြည့်သဇင်တို့နဲ့အတူ ရောက်ရှိနေတာဖြစ်ပါတယ်။

ဖျော်ဖြေပွဲကို ဧပြီလ ၂၂ရက်နေ့က ကိုရီးယားနိုင်ငံ Bucheon မြို့ Siminso Sports Park မှာကျင်းပပြုလုပ်ခဲ့ကြပါတယ်။ လာရောက်အားပေးတဲ့ ရွှေမြန်မာတွေများပြားလှတာကြောင့်လည်း အိမ့်ချစ်က အံ့သြ၀မ်းသာနေပါတယ်။ “ရွှေမြန်မာတွေရဲ့ အဆက်မပြတ် အိမ့်ချစ်လို့အော်နေတဲ့အသံက ကြက်သီးတွေတောင်ထရပါတယ်…” ဆိုပြီး သူမရဲ့နာမည်ကိုခေါ်ပြီးတစ်ခဲနက်အားပေးကြတာကိုလည်း ပျော်ရွှင်စွာနဲ့ ယခုလိုလေးရေးသားထားပါတယ်။


များပြားလွန်းလှတဲ့ ပရိတ်သတ်တွေကြားထဲကနေ We Love Eaint Chit ဆိုတဲ့ဘုတ်လေးကိုင်ပီးအားပေးမှုအတွက်ကိုလဲ “ဒီလောက်လူတွေတိုးဝှေ့နေတဲ့ကြားထဲမှာမှ ခုလိုလေးမြင်ရတာ မျက်ရည်တောင်ဝဲတယ်” ဆိုပြီး အိမ့်ချစ်က သူမခံစားရတာလေးကိုပါ ရေးသားခဲ့ပါတယ်။

ဒါ့အပြင်အိမ့်ချစ်က သူမကိုဆုချလို့ရခဲ့တဲ့ပိုက်ဆံတွေကိုလဲ ဘုရားမှာလှူဒါန်းသွားမယ်လို့ဆိုပါတယ်။ “ဝမ်တစ်သိန်းနဲ့ရှစ်ထောင်ရယ် ဒေါ်လာတစ်ဆယ် ရယ်ဆုချခဲ့ကြတယ်… အဲ့ငွေနဲ့ညီမျှတဲ့ မြန်မာငွေတန်ဖိုးအတိုင်း ဘုရားမှာ ကိုရီးယားနိုင်ငံရောက်မြန်မာများရဲ့အလှူဆိုပြီး လှူပေးပါမယ်ရှင့် ဘဝတွေဒီထက်တိုးတက်ဖို့လဲ ဆုတောင်းပေးပါ့မယ်…” ဆိုပြီးသူမပြုလုပ်မယ့် အလှူအတန်းလေးကိုလည်း ပရိတ်သတ်တွေကို အသိပေးထားပါတယ်။

အဆိုတော်အိမ့်ချစ်က ဘုရားတရားလည်းကိုင်းရှိုင်းသလို အလှူအတန်းတွေလည်းပြုလုပ်လေ့ရှိသူပါ။ ဒါ့အပြင် သူမရဲ့အသက် ၂၇နှစ်ပြည့်မွေးနေ့တုန်းကလည်း မိဘမဲ့ကလေးအယောက် ၂၀၀ ကို ရန်ကုန်မြို့ရှိ Water Boom ရေကစားကွင်းကိုလိုက်ပို့ပေးခဲ့ပြီး လက်ဆောင်အကျွေးအမွေးများနဲ့ မွေးနေ့အလှူလေးကိုလဲ ပြုလုပ်ခဲ့ပါတယ်…….
.jpg)
comment