ဒီကနေ့ ဧပြီ ၂၄ရက်နေ့ကတော့ မခိုင်လေးလို့အများကသိကြတယ့် ပြည်သူချစ် အနုပညာရှင်တစ်ဦးဖြစ်တဲ့ သရုပ်ဆောင်မင်းသမီး ခိုင်သင်းကြည်နဲ့ ခင်ပွန်း ကိုခန့်နိုင်တို့ရဲ့ မင်္ဂလာနှစ်ပတ်လည် ၁၆ နှစ်ပြည့်တဲ့ နေ့လေးဖြစ်ပါတယ်။ အချစ်စစ်တွေနဲ့ပျော်ရွှင်စွာတည်ဆောက်ခဲ့တယ့် မခိုင်လေးတို့ရဲ့ အိမ်ထောင်ရေးကတော့ အများကအားကျစရာကောင်းလောက်အောင် အေးချမ်းသာယာလွန်းလှပါတယ်။
သမီးရည်းစားဘ၀လေးထဲက ချစ်ခဲ့ကြတဲ့အချစ်တွေက ယခုထိတိုင်မကုန်ဆုံးနိုင်အောင် ချစ်နေတုန်းပါပဲတယ့်။ “ Today is our 16th anniversary, my love! ၁၆နှစ်ပြည့်ပြီးချစ်သူသက်တမ်း၈နှစ်ပေါင်းလို့ ၂၄နှစ်ပြည့်ခဲ့တာတောင် အရင်တုန်းကလိုချစ်နေဆဲဘဲဆိုတာယုံပါတယ်လို့” ဆိုပြီး နှစ်ပတ်လည်နေ့ကို ဂုဏ်ပြုစကားဆိုရင်း ကိုခန့်နိုင်ရဲ့အချစ်တွေကို ဖော်ကျူးပီးရေးသာခဲ့ပါတယ်။
လူတိုင်းကသဘောကျ နှစ်သက်ရတဲ့ မခိုင်လေးတို့ဇနီးမောင်နှံမှာ စံထိပ်ထားဆိုတဲ့ သမီးလေးတစ်ယောက်ရှိပြီး၊ သမီးလေးကလည်းအရွယ်ရောက်လို့ ခုဆို မိခင်နဲ့အတူတူ အနုပညာအလုပ်တွေကို လုပ်ကိုင်လျက်ရှိနေပါပြီ။ မခိုင်လေးက အကယ်ဒမီရွှေစင်ရုပ်ထုနှစ်ခုကို ပိုင်ဆိုင်ထားသလို ကျရာဇာတ်ရုပ်နေရာကို ပီပြင်စွာသရုပ်ဆောင်နိုင်တဲ့ မင်းသမီးတစ်ဦးဖြစ်ပါတယ်။ လက်ရှိအချိန်ထိလည်း ရုပ်ရှင်ကားများစွာကို ရိုက်ကူးနေဆဲဖြစ်ပြီး၊ ရိုက်ကူးရေးမရှိတဲ့ရက်များမှာတော့ မိသားစုနဲ့အတူအချိန်တွေကိုကုန်ဆုံးရင်း ပျော်ရွှင်စွာခရီးတွေလည်းထွက်ကြပါတယ်။
အများကချစ်ခင်ကြတဲ့ မင်းသမီးချော ခိုင်သင်းကြည်နဲ့ကိုခန့်နိုင်တို့ရဲ့မင်္ဂလာနှစ်ပတ်လည် ၁၆နှစ်မှ နောက်နှစ်ပေါင်းများစွာတို့တိုင် မိသားစုနဲ့အတူပျော်ရွှင်သာယာစွာ ဖြတ်သန်းနိုင်ပါစေလို့လည်း Popolay မှဆုတောင်းပေးလိုက်ပါတယ်…..