1. Home
  2. Movie Stars - Celebrity

ပရိသတ်တွေကို ဆောရီးပါလို့ တောင်းပန်လိုက်တဲ့ နှင်းအိနြေ္ဒရှင်

Movie Stars - Celebrity เม.ย. 24, 2561 view 1,577

The Voice Myanmar ရဲ့ ပြိုင်ပွဲဝင်တစ်ဦးဖြစ်တဲ့ နှင်းအိနြေ္ဒရှင်က Battle Round နေ့က သူမရဲ့ သီဆိုယှဉ်ပြိုင်ခဲ့မှုအပေါ် အားမရခဲ့တဲ့ ပရိသတ်တွေကို ဆောရီးပါလို့ တောင်းပန်လိုက်ပါတယ်။

နှင်းအိနြေ္ဒရှင်ဟာ The Voice Myanmar ရဲ့ Blind Audition မှာတုန်းက “The Phantom of the Opera” ကို အော်ပရာပုံစံ ပီပြင်စွာသီဆိုသွားနိုင်ခဲ့လို့ သီချင်းတစ်ပုဒ်ထဲနဲ့ သူ့ကို အားပေးဝန်းရံကြတဲ့ ပရိသတ်အမြောက်အများ ရရှိခဲ့ပါတယ်။
ဒါ့အပြင် The Voice Global ရဲ့ “Hot This Week” မှာ သူမရဲ့သီချင်းကို ရွေးချယ်ဖော်ပြခြင်းခံခဲ့ရပါတယ်။


Battle Round ယှဉ်ပြိုင်မှုမှာတော့ “အရှုံးထက်ပိုသော” သီချင်းကို ‘ဝေဝေလှိုင်ဦး’ နဲ့ တွဲဖက်သီဆိုယှဉ်ပြိုင်ခဲ့ရာမှာ Live Show တက်ခွင့်ရသွားခဲ့ပေမယ့် ပရိသတ်တွေနဲ့ နည်းပြတွေ မျှော်လင့်ထားမှုကို မဖြည့်ဆည်းနိုင်ခဲ့ပါဘူး။


ဒီအတွက် သူမရဲ့ လူမှုကွန်ယက် စာမျက်နှာပေါ်ကနေ ပရိသတ်ကြီးကို တောင်းပန်ခဲ့ပြီး Live Show အတွက် အများကြီး ကြိုးစားသွားမယ်လို့ အောက်ပါအတိုင်း ရေးသားခဲ့ပါတယ်။

 



Follow us on