1. Home
  2. Myanmar News

ထင်းခုတ်သူနှစ်ဦး အချင်းချင်းစကားများရာမှ လူသတ်မှုဖြစ်ပွား

Myanmar News เม.ย. 25, 2561 view 1,537
ဧပြီလ ၂၄ ရက်နေ့ မနက်အစောပိုင်းအချိန်ခန့် တောင်ပေါ်သစ်တောထဲတွင် ထင်းခုတ်တဲ့ ထင်းခုတ်သမားနှစ်ဦး အချင်းချင်းစကားများ ရန်ဖြစ်ရာမှ ဓါးဖြင့်ခုတ်သတ်မှု ဖြစ်ပွားခဲ့သည် ။
 
 
ဖြစ်စဉ်မှာ ရှမ်းပြည်နယ် ( အရှေ့ပိုင်း ) တာချီလိတ်ခရိုင် တာလေမြို့ မိုင်းလင်း ( အရှေ့) ကျေးရွာအုပ်စု နမ့်ခမ်း ( ဝ ) ကျေးရွာ အနီးတွင် နိုင်ထွန်း (၃၄ နှစ်) နဲ့ အောင်မြင့်ဦး (၄၀ နှစ်) တို့နှစ်ဦးမှာ အချင်းချင်းစကားများရာမှ နိုင်ထွန်းက ဓါးနဲ့ခုတ်သဖြင့် အောင်မြင့်ဦး ဦးခေါင်း နဖူး ဝဲဘက်မှာ (၁)လက်မခန့် ပြတ်ရှ  ဒဏ်ရာ (၁)ချက်၊ ၀ဲဘက် လက်ဖျံမှာ (၂) လက်မခန့် ပြတ်ရှ ဒဏ်ရာ (၁) ချက် တို့ရရှိပြီး၊ ထင်းခုတ်တဲ့ တဲအတွင်း ပက်လက် အနေအထားနဲ့ သေဆုံးနေတာကို တွေ့ရတယ်လို့ ဆိုပါတယ် ။
 
 
အဆိုပါဖြစ်စဉ်နှင့်ပတ်သက်ပြီး တရားခံ နိုင်ထွန်းမှာ ထွက်ပြေးတိမ်းရှောင်သွားခဲ့တယ်လို့ သိရပါတယ် ။ သေဆုံးသူအလောင်းကို တာလေမြို့ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ထားပြီး မိုင်းလင်းနယ်မြေရဲစခန်းမှ တရားဥပဒေအရ အမှုဖွင့်လှစ် အရေးယူဆောင်ရွက်သွားမည်ဟု သိရသည် ။


Follow us on