1. Home
  2. Special or Others

၁၉ နှစ်အရွယ်လူငယ်က ၇၂ နှစ်အရွယ်ဖွားဖွားကို လက်ထပ်ခွင့်တောင်း

Special or Others เม.ย. 25, 2561 view 1,533

အချစ်မှာမျက်စိမရှိဘူး” ဆိုတဲ့အကြောင်းကို သက်သေပြလိုက်တဲ့ စုံတွဲတစ်တွဲ ပေါ်ထွက်လို့ လာခဲ့ပြန်ပါပြီ။ အနောက်နိုင်ငံက လူတွေဟာ နှစ်ဦးသဘောတူ အတူတူနေထိုင်တတ်ကြပေမယ့် လက်ထပ်ဖို့ဆိုတာကတော့ အလေးအနက်ထားပြီးမှ ဆုံးဖြတ်တတ်တဲ့ သဘာဝရှိပါတယ်။


အမေရိကန်နိုင်ငံ တန်နစီပြည်နယ်က Gary Hardwick ဆိုသူ အသက် ၁၉ အရွယ်လူငယ်ကတော့ အသက် ၇၂ နှစ်ရှိပြီဖြစ်တဲ့ Almeda Erell ဆိုတဲ့ ဖွားဖွားကို မြင်မြင်ချင်း ချစ်မိတာကြောင့် နှစ်ပတ်အတွင်းမှာပဲ လက်ထပ်ခွင့်တောင်းခဲ့တာဖြစ်ပါတယ်။


သူတို့နှစ်ဦးဟာ ပါတီပွဲတစ်ခုမှာ မထင်မှတ်ပဲ တွေ့ဆုံခဲ့ပြီး Gray က ဖွားဖွားကို မြင်မြင်ခြင်း ရင်ခုန်စိတ်ဝင်စားခဲ့တာဖြစ်ပါတယ်။ အဲဒီနေ့မှာ စတင်ခင်မင်ခဲ့ကြပြီး နှစ်ပတ်တိတိ ညစဉ်ဆုံတွေ့ခဲ့ရာကနေ Gray က သူနဲ့ အသက် ၅၃ နှစ်ကွာတဲ့ ဖွားဖွားကို အသည်းစွဲချစ်မိနေတာ သေချာကြောင်း သိရှိသွားခဲ့ပါတယ်။
 


အဲဒီနောက် လက်ထပ်ခွင့်တောင်းခဲ့ပါတယ်။ သူတို့နှစ်ဦးရဲ့ ပြတ်သားတဲ့ ဆုံးဖြတ်ချက်ကို သိသွားသူတိုင်း အရမ်းအံ့သြခဲ့ကြပေမယ့် နာလည်မှုပေးနိုင်တဲ့ မိတ်ဆွေအပေါင်းအသင်းများကြားမှာ လက်ထပ်ဖြစ်သွားကြပါတယ်။


Gray က ဖွားဖွားရဲ့ မျက်လုံးပြာပြာလေးတွေနဲ့ ပျော်ပျော်ရွှင်ရွှင်နေတတ်တဲ့ စရိုက်သဘာဝကို ချစ်မြတ်နိုးတာဖြစ်ကြောင်း ပြောဆိုခဲ့ပါတယ်။ Almeda ကလည်း သူမရဲ့ ကျန်တဲ့လ ဘဝရဲ့အချိန်တွေကို Gray နဲ့သာ ကုန်ဆုံးမယ်ဆိုတာ သေချာကြောင်း ပြောပြခဲ့ပါတယ်။
 



Follow us on