1. Home
  2. Special or Others

မှန်ကို ပင်အပ်နဲ့ ဖောက်ထွက်အောင်ပစ်နိုင်တဲ့ ရှောင်လင်ကိုယ်တော်ရဲ့ အတွင်းအားပြကွက်

Special or Others เม.ย. 25, 2561 view 1,941

ရှောင်လင်ကျောင်းတော်ရဲ့ ပညာခန်း ၇၂ ရပ်ထဲမှာပါဝင်တဲ့ အမြင့်ဆုံးပညာရပ်တစ်ခုအဖြစ် အတွင်းအားသုံးကာ ပင်အပ်နဲ့ မှန်ကိုဖောက်ထွက်အောင် ပေါက်နိုင်တဲ့ ပညာရပ်တစ်ခုကို ပြသခဲ့ပါတယ်။


ကော်နယ်လ် တက္ကသိုလ်မှ ရူပဗေဒပညာရှင်ရဲ့အဆိုအရ မှန်ဆိုတဲ့အရာဟာ တော်ရုံနဲ့မကွဲတတ်ပဲ အက်ကြောင်းရှိမှသာ အလွယ်တစ်ကူ ကွဲနိုင်တယ်လို့ဆိုပါတယ်။ ဒါပေမယ့် ယခုဗီဒီယိုမှာတော့ အကောင်းအတိုင်းရှိတဲ့ မှန်တစ်ချက်ကို ရှောင်လင်ကိုယ်တော် Feng Fei က ပင်အပ်နဲ့ ပစ်ပေါက်ပြီး မှန်ရဲ့နောက်က ပူဖောင်းကို ပေါက်အောင် လုပ်နိုင်ခဲ့ပါတယ်။

ပင်အပ်ကိုတော့ မျက်နှာပြင်အမာနဲ့ ထိတဲ့အခါ ကောက်ကွေးမသွားနိုင်တဲ့ လယ်ယာသုံးအပ်ကို အသုံးပြုခဲ့တယ်လို့ ဆိုပါတယ်။ အဆိုပါဗီဒီယိုကို The Super Slow Show အစီစဉ်က တင်ဆက်ထားပြီး အသေးစိတ် အနှေးပြကွက်များကို အံ့မခမ်းမြင်တွေ့ခဲ့ရပါတယ်။


ယခုလို ပြသမှုမျိုးကို သာမန်လူတွေအနေနဲ့လည်း လုပ်ဆောင်နိုင်မှာဖြစ်ပေမယ့် နှစ်အတော်ကြာ လေ့ကျင်ဖို့တော့ လိုမယ်လို့ ဆိုပါတယ်။ ရှောင်လင်ကိုယ်တော်ရဲ့ အတွင်းအားအစွမ်းကို အားပေးပါဦး။
 



Follow us on