1. Home
  2. Myanmar News

ဒုရဲမှူးမိုးရန်နိုင် ကို ရဲစည်းကမ်းချိုးဖောက်မှုဖြင့် ထောင်ဒဏ်ချမှတ်

Myanmar News เม.ย. 30, 2561 view 1,409

ရိုက်တာသတင်းထောက် နှစ်ဦး၏ အမှုကို အကွက်ချဖမ်းခဲ့ခြင်းဖြစ်သည်ဟု တရားရုံးတွင် ထွက်ဆိုခဲ့သော ဒုရဲမှူးမိုးရန်နိုင် ကို ရဲစည်းကမ်းဖောက်ဖျက်မှု ဥပဒေဖြင့် ထောင်ဒဏ်သတ်မှတ်ခဲ့ကြောင်း ရိုက်တာသတင်းဌါနမှ ဧပြီ ၂၉ ရက်နေ့က ရေးသားဖော်ပြခဲ့သည်။

ပြောရေးဆိုခွင့်ရှိသူ ရဲမှူးကြီး မျိုးသူစိုးက မိုးရန်နိုင် အားရဲစည်းကမ်းဖောက်ဖျက်မှု ဥပဒေအခန်း ၁၆ (ခ) နဲ့ ၂၂ အရ အပြစ်ပေးခဲ့ပြီး ထောင်သို့ပို့ဆောင်လိုက်ပြီဖြစ်ကြောင်း  တနင်္ဂနွေနေ့က ရိုက်တာသတင်းဌါနသို့ ပြောကြားခဲ့သည်။

သို့သော် မိုးရန်နိုင်အား ထောင်ဒဏ်မည်မျှ ချမှတ်သည်ကို အတိအကျဖွင့်ဟ ပြောဆိုခြင်းမရှိသလို မေးခွန်းအချို့ကိုလည်း ဖြေကြားခြင်းမရှိခဲ့ပဲ အခြားသိလိုသည်များကို ကိုယ်နည်းကိုယ့်ဟန်ဖြင့် စုံစမ်းရန်သာ ပြန်လည်ပြောကြားခဲ့ကြောင်း ဖော်ပြထားသည်။

ရဲစည်းကမ်းဖောက်ဖျက်မှု ဥပဒေအခန်း ၁၆ (ခ) နဲ့ ၂၂ အရ ထောင်ဒဏ် ၁ နှစ်ထိချမှတ်နိုင်ကြောင်း ဖော်ပြထားသည်။ မိုးရန်နိုင်၏ ဇနီးဖြစ်သူ ဒေါ်တူးတူးမှာလည်း ခင်ပွန်းဖြစ်သူ ထောင်မည်မျှကျသည်ကို မသိသေးကြောင်း ရိုက်တာသတင်းဌါနကို ဖုန်းနဲ့ပြောဆိုခဲ့ပြီး ဒီဇင်ဘာလ ၂၂ ရက်နေ့ထဲက ခင်ပွန်းဖြစ်သူကို မတွေ့ရသေးကြောင်း ပြောဆိုခဲ့သည်။

Ref: Reuters
 



Follow us on