1. Home
  2. Myanmar News

လင်မယားနှစ်ဦးအား အသက်မပြည့်သေးသည့်ကလေးများက ဓါးနဲ့ထိုး လုယက်

Myanmar News เม.ย. 30, 2561 view 1,525

မန္တလေးမြို့မှ ဆိုင်ကယ်ဖြင့်လာသော ဇနီးမောင်နှံနှစ်ဦးအား လမ်းတွင် အသက် မပြည့်သေးသည့် ကလေးတစ်စုမှ ဓါးဖြင့်ထိုးကာ လုယက်မှုတစ်ခု စစ်ကိုင်းမြို့နယ်တွင် ဖြစ်ပေါ်ခဲ့သည်။

ဖြစ်စဉ်မှာ ဧပြီလ ၂၁ ရက်နေ့က စစ်ကိုင်းမြို့နယ်ရှိ မင်းကွန်းမိုးမိတ်ကျောင်းသို့ ဆွမ်းကပ်ရန် မန္တလေးမှလာသော ဇနီးမောင်နှံ၏ ဆိုင်ကယ်နောက်ကို လူသုံးဦးစီးနင်းလာသော ဆိုင်ကယ်က နောက်ကလိုက်လာပြီး ဝါးချက်ဆေးရုံအနီးတွင် ဓါးဖြင့်ထိုးခဲ့သည်။ ဓါးထိုးခံရမှုကြောင့် ဆိုင်ကယ် လဲကျစဉ် ပိုက်ဆံအိတ်ကို လုယူကာထွက်ပြေးသွားခဲ့သည်။


ဒေသခံပြည်သူများနဲ့ စစ်ကိုင်းအမှတ် ၂ ရဲစခန်းမှ စခန်းမှူး ရဲအုပ်ဇော်ထွန်း ဦးဆောင်သည့်အဖွဲ့က လိုက်လံရှာဖွေ ဖမ်းဆီးခဲ့ရာ ကိုင်းတောထဲ၌ ပုန်းအောင်းနေသောသူ ၃ ဦးအားဖမ်းဆီးရမိခဲ့သည်။
ဓါးထိုးလုယက်မှု ကျူးလွန်ခဲ့သူများမှာ ပြည့်ဖြိုးအောင်(ခ)ဂျိုးမ (၁၇ နှစ်)၊ ချစ်ဦးမောင် (၁၇ နှစ်) နဲ့ ပြည့်ဖြိုးအောင် (၁၆ နှစ်) တို့အား ဖမ်းဆီးရမိခဲ့သည်။


ပြစ်မှုကျူးလွန်သူများကို ထပ်မံစစ်ဆေးခဲ့ရာ နောက်ထပ် ၄ ဦးပေါ်ပေါ်ခဲ့ပြီး စစ်ကိုင်းမြို့မရဲစခန်းတွင် အမှုဖွင့်အရေးယူထာကြောင်း သတင်းရရှိသည်။ (သတင်းဓါတ်ပုံ KoKoရွှေမင်းဝံ)



Follow us on