1. Home
  2. Special or Others

ရေခဲချောင်းစားရင် ကြွက်မြီးကိုက်မိသူရဲ့ ဆိုးလှတဲ့ကံကြမ္မာ

Special or Others พ.ค. 01, 2561 view 1,520

တရုပ်နိုင်ငံ ဂျင်ဆောင်းမြို့က စူပါမားကတ်တစ်ခုမှာ အမျိုးတစ်ဦးတစ်ဦးက သူစားနေတဲ့ ရေခဲချောင်းထဲကနေ ကြွက်မြီးထွက်လာတာကြောင့် အကြီးကျယ်ထိတ်လန့်ခဲ့ရပြီး ဆိုင်ရှင်ထံ အလျော်တောင်းခဲ့ပေမယ့် နောက်ဆုံးမှာ ကံကြမ္မာက သူ့ဘက်မှာမရှိ ဖြစ်ခဲ့ရပါတယ်။

“ယန်” ဆိုတဲ့ အမျိုးသမီးဟာ ပြီးခဲ့တဲ့ အင်္ဂါနေ့က သူငယ်ချင်းဖြစ်သူနဲ့အတူ စူပါမားကတ်မှာ ဈေးလျှောက်ဝယ်စဉ် ရေခဲချောင်းတစ်ချောင်း ဝယ်စားခဲ့ပါတယ်။ တစ်ကိုက်နှစ်ကိုက်လောက် စားပြီးတဲ့အခါမှာတော့ ရေခဲချောင်းထဲက မဲမဲသဏ္ဍန်အချောင်းတစ်ချောင်း ထောင်ထွက်လာတာကို တွေ့ရပါတယ်။

အစပထမမှာ ခူကောင်တစ်ကောင်လို့ ထင်ခဲ့ပြီး သူမရဲ့ သူငယ်ချင်းကို ခေါ်ပြရာ သူငယ်ချင်းက သေချားစမ်းစစ်ပြီးနောက် ခူကောင်မဟုတ်ပဲ ကြွက်တစ်ကောင်ရဲ့ အမြီးဖြစ်နေတာကို သိလိုက်ရပါတယ်။ “ယန်” မှာ ရွံလဲရွံ ဒေါသလဲထွက်သွားပြီး ဆိုင်ရှင်ဖြစ်သူထံ ဒီကိစ္စကိုဖြေရှင်းပေးဖို့ ပြန်သွားခဲ့ပါတယ်။


ဆိုင်ရှင်က တောင်းပန်ခဲ့ပြီး နောက်ထပ် ရေခဲချောင်းအများအပြားယူသွားဖို့ ပေးခဲ့ပေမယ့် “ယန်”က လျှော်ကြေးငွေအဖြစ် ယွမ်ငွေ ၅၀,၀၀၀ ပေးရန် တောင်ခံခဲ့သည်။ ဆိုင်ရှင်က အစပထမတွင် ယွမ် ၈၀၀ ပေးမည်ဟု ညှိနှိုင်းခဲ့ပေမယ့် လက်မခံတာကြောင့် တစ်ဖြည်းဖြည်းတိုးပေးရာ ယွမ် ၂,၀၀၀ ထိ ရောက်လာခဲ့သည်။

“ယန်”ကလည်း ယွမ် ၅၀,၀၀၀ ကနေ တစ်ပြားမှ မလျော့တာကြောင့် နောက်ဆုံးမှာ သက်ဆိုင်ရာရုံးတွင် ဖြေရှင်းကြဖို့ သွားရောက်ခဲ့ကြသည်။ ဒါက “ယန်”အတွက် ကံမကောင်းခြင်းဟု ဆိုရပါမည်။ တရုပ်နိုင်ငံတွင် အဆိုပါကိစ္စမျိုးအတွက် ဥပဒေ၏ ပြဌါန်းချက်တွင် လျော်ကြေးငွေကို အနုင့်ဆုံးအဖြစ် ယွမ် ၁,၀၀၀ သာ သတ်မှတ်ထားသည့်အတွက် နောက်ဆုံးမှာတော့ “ယန်”ဟာ ယွမ် ၁,၀၀၀ နဲ့သာ ကျေနပ်ခဲ့ရသည်။
 



Follow us on