1. Home
  2. Special or Others

အမျိုးသားတစ်ဦး တံတားပေါ်ကနေပြုတ်ကျကာ ဝါးလုံး စအိုထဲစိုက်ဝင်

Special or Others พ.ค. 01, 2561 view 2,022

တရုပ်နိုင်ငံ စီချွမ်းပြည်နယ်က ဆွီနင်းမြို့မှာ ပြီးခဲ့တဲ့ သောကြာနေက တံတားတစ်စင်းပေါ်မှာ ဆိုင်းဘုတ်တပ်ဆင်နေတဲ့ အမျိုးသားတစ်ဦးဟာ အလုပ်ပြီးလို့ တံတားပေါ်မှ တောင်စောင်းနံဘေးကို ခုန်ချခဲ့စဉ် ရုတ်တရက် ခြေချော်ကျပြီး တောင်အောက်သို့ အရှိန်နဲ့ လိမ့်ဆင်းသွားရာမှ နောက်ဆုံးမှာ ဝါးတစ်ချောင်းက စအိုးနဲ့ နီးကပ်စွာ တင်ပါးဆုံထဲ ဖြတ်ပြီး စိုက်ဝင်ခဲ့ပါတယ်။


အမျိုးသားဟာ အသက်မသေခဲ့ပေမယ့် နေရာမှာတင် လုံးဝ လှုပ်ရှားနိုင်ခြင်းမရှိပါဘူး။ အရေးပေါ်ကယ်ဆယ်ရေး မီးသတ်အဖွဲ့တွေ ရောက်လာခဲ့ပေမယ့် စိုက်နေတဲ့ ဝါးတံဟာ စအိုအပေါ်နားကနေ ဘယ်လောက် နက်နက် ဖောက်ဝင်နေတယ်ဆိုတာ မခန့်မှန်းနိုင်လို့ ချက်ခြင်း မနုတ်ရဲပဲ ဆေးရုံကိုသာ ဒီအတိုင်း ဝါးတံစိုက်လျက်နဲ့ ပို့ပေးခဲ့ကြရပါတယ်။


လက်ရှိအချိန်မှာတော့ အမျိုးသားရဲ့ အခြေအနေဟာ ဘယ်လိုရှိနေလဲဆိုတာ သေချာ မသိရသေးပါဘူး။
ဆေးရုံကို တင်ပို့ခဲ့ရတဲ့ ဗီဒီယိုကို ကြည့်ရှုပါဦး။



Follow us on