ကမ္ဘာကျော် ရုပ်ရှင်မင်းသားကြီး ဂျက်ကီချန်းရဲ့ သမီးဖြစ်သူနဲ့ သူမရဲ့ချစ်သူနှစ်ဦးစလုံးဟာ အခုဆိုရင် နေစရာထိုင်စရာမရှိတဲ့ အိမ်ခြေယာခြေမဲ့တွေ ဖြစ်နေပြီဖြစ်ကြောင်း ယူကျု့ဗီဒီယိုကနေ တစ်ဆင့် ငိုယိုပြီး အကူအညီတောင်းခံလိုက်ပါတယ်။
ဂျက်ကီချန်းရဲ့ တိတ်တိတ်ပုန်းသမီးဖြစ်သူ အသက် ၁၈ နှစ်အရွယ် Etta Ng ဟာ လိင်တူချင်းချစ်ကြိုက်သူတစ်ဦးဖြစ်ပြီး သူမရဲ့ ချစ်သူဟာ ကနေဒါနိုင်ငံသူ အင်စတာဂရမ်ပေါ်မှာ ထင်ရှားကျော်ကြားသူ အသက် ၃၀ အရွယ် Andi Autumn ဖြစ်ပါတယ်။
အခုဆိုရင် သူတို့နှစ်ဦးစလုံးဟာ အိမ်ခြေယာခြေမဲ့များ ဖြစ်နေကြပြီး ပြီခဲ့တဲ့လတုန်းကဆိုရင် တံတားအောက်တွေမှာ နေထိုင်အိပ်စက်ခဲ့ရတယ်လို့ ဗီဒီယိုမှာ ငိုယိုပြောကြားခဲ့ပါတယ်။ ဒါ့အပြင် ဒီလိုဖြစ်ခဲ့တာတွေ အားလုံးက လိင်တူချင်းနှစ်သက်တာကို သဘောမကျတဲ့ မိဘတွေရဲ့ အပြစ်ကြောင့်လို့ Etta Ng က စွပ်စွဲခဲ့ပါတယ်။
Andi ရဲ့ အဆိုအရ သူတို့ရဲ့ မိဘအသိုင်းအဝိုင်းတွေနဲ့ သူငယ်ချင်းများက သူတို့ကို အစိုးရကဖွင့်ပေးထားတဲ့ အိမ်ယာမဲ့စခန်းတွေကို သွားကြဖို့ တိုက်တွန်းနေကြောင်း ပြောဆိုခဲ့ပါတယ်။
“အဲ့ဒီနေရာတွေကို သွားရင် ကျွန်မတို့နှစ်ယောက် ကွဲသွားမယ်ဆိုတာ သိနေကြတယ်လေ”
“အစိုးရဂေဟာတွေကို သွားရင် ကျွန်မတို့နှစ်ယောက် ခွဲခံရမယ်။ အခုဆိုရင် ဖေ့စ်ဘွခ်က ကျွန်မတို့ရဲ့ ဖော်လိုဝါတွေရော သူငယ်ချင်းတွေပါ ကျွန်မတို့ အကူညီတောင်းနေတာကို လုံးဝ မတုံပြန်ကြဘူး၊ ဖုန်းလဲမကိုင်ကြဘူး” ဟု ဗီဒီယိုထဲမှာ ပြောထားပါတယ်။
“ဘာတွေဖြစ်နေကြလဲဆိုတာ ကျွန်မတို့ နားမလည်နိုင်တော့ဘူး။ ရဲစခန်းလဲ သွားပြီးပြီ၊ ဆေးရုံတွေလဲရောက်ခဲ့ပြီ၊ LGBT အသိုင်းအဝိုင်းရဲ့ နားခိုရာနေရာတွေလဲ ရောက်ခဲ့ပြီ ကျွန်မတို့အတွက် ဘာတစ်ခုမှမလုပ်ပေးနိုင်ဘူး” ဟု ဂျက်ကီချန်းရဲ့ သမီးက ဆိုပါတယ်။
Etta Ng ငယ်စဉ်က မိခင်ဖြစ်သူ Elaine နဲ့အတူ
ဂျက်ကီချန်းရဲ့ သမီးဖြစ်သူ Etta Ng ဟာ ၂၀၁၅ ခုနှစ်က မိခင်ဖြစ်သူ Elaine နဲ့ အကြီကျယ်ပြဿနာဖြစ်ကာ သူမကို နှိပ်စက်သည်ဟု ရဲတိုင်ခဲ့သဖြင့် မိခင်ဖြစ်သူမှာ ကလေးသူငယ်ညှင်းပမ်းမှုဖြင့် အဖမ်းခံခဲ့ရသည်။
Etta Ng ဟာ ဖခင်ဖြစ်တဲ့ ဂျက်ကီချန်းကိုလည်း စိတ်အနာကြီးနာကာ အားလုံးနဲ့ အဝေးမှာ တစ်ဦးတည်းနေထိုင်ရင်း လိင်တူချစ်သူခြင်း ဖြစ်ကြတဲ့ ကနေဒါနိုင်ငံသူ အင်စတာဂရမ်မော်ဒယ်နဲ့ တွေ့ဆုံကာ ချစ်ကြိုက်အတူနေထိုင်ခဲ့ခြင်းဖြစ်သည်။
ဂျက်ကီချန်းဟာ ၁၉၈၂ ခုနှစ်မှာ ထိုင်ဝမ်ရုပ်ရှင်မင်းသမီး Joan Lin နဲ့ လက်ထပ်ခဲ့ပြီးနောက် Elaine နဲ့ ဇာတ်လမ်းရှုပ်ခဲ့ရာမှ Etta Ng မွေးလာခဲ့ခြင်းဖြစ်သည်။ ဂျက်ကီချန်းက သူရဲ့အမှားကို တာဝန်ယူရန် ကြိုးစားပေမယ့် Elaine က သူ့ရဲ့သမီးကို သူကပဲပျိုးထောင်မည်ဟု ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။