1. Home
  2. Special or Others

ခွေးသားအမိအား ရက်စက်စွာ အရှင်လတ်လတ် ကွန်ကရစ်လောင်းသင်္ဂြိုလ်

Special or Others พ.ค. 02, 2561 view 1,651

မွန်ဂိုလီးယားနိုင်ငံတွင် လုံခြုံရေး ဝန်ထမ်းတစ်ဦးက လူတွေကို ကိုက်လို့ဆိုပြီး ခွေးသားအမိတွေအားလုံးကို နံရံတစ်ခုရဲ့ အပေါက်ထဲထည့်ကာ အပြင်ကနေ အင်္ဂတေ(ကွန်ကရစ်)လောင်းကာ အရှင်လတ်လတ် မြုတ်နှံသင်္ဂြိုလ်ခဲ့သည့် စိတ်မချမ်းသာစရာ အဖြစ်တစ်ခု ဖြစ်ပွားခဲ့သည်။

လုံခြုံရေးဝန်ထမ်း၏ အဆိုအရ ခွေးမကြီးမှာ ခွေးသားလေးများ ပေါက်လာပြီးနောက် အနားမှဖြတ်သွားသူများကို ရန်လုပ်ပြီး လိုက်ကိုက်ခဲ့သဖြင့် ခွေမကြီးနဲ့ ခွေးကလေးများအားလုံးကို ယခုလို အရှင်လတ်လတ် ကွန်ကရစ်နဲ့ ပိတ်ခဲ့ကြောင်း ပြောဆိုခဲ့ပါတယ်။

ဒီအကြောင်းကို ရိပ်မိသွားတဲ့ အနီးပတ်ဝန်းကျင်ကလူတွေက ကရိယာတန်ဆာပလာမျိုးစုံ အသုံးပြုပြီး ကွန်ကရစ်ကိုခွဲထုတ်ပြီး ခွေးများကို ကယ်တင်ရန် ကြိုးစားခဲ့ကြပါတယ်။

လူတွေသိရှိပြီး လာရောက်ကယ်တင်ချိန်မှာတော့ အရှင်လတ်လတ် သင်္ဂြိုလ်ခံထားရတာ ၁၇ ရက်ကြာနေပြီဖြစ်ပါတယ်။ ကွန်ကရစ်ကို တူးထုတ်ပြီးတဲ့အခါမှာ သေအံ့ဆဲဆဲဖြစ်နေတဲ့ ခွေးမကြီးကိုတွေ့ရပြီး ခွေးသားပေါက်လေးများကို မတွေ့ရတော့ပါဘူး။
လူတွေက ခွေးမကြီးကို အစာရေစာတိုက်ကျွေးပြီး ခွေးသားပေါက်လေးများကို အတွင်းနက်နက်ထဲထိ လိုက်ရှာခဲ့ပေမယ့် လုံးဝ ရှာမတွေ့တော့ပါဘူး။

ခွေးပေါက်လေးတွေကို လုံးဝ ရှာမတွေ့တော့တဲ့အဆုံးမှာတော့ ၁၇ ၇က်ကြာ အစာရေစာမရှိပဲ ကွန်ကရစ်လောင်းပြီ: အရှင်လတ်လတ် သင်္ဂြိုလ်ခံလိုက်ရတဲ့ ခွေးမကြီးဟာ အသက်ရှင်ဖို့ ခွေးသားပေါက်လေးတွေကို အစာအဖြစ် စတေးခံလိုက်ရတယ်လို့ပဲ လူတွေက သတ်မှတ်ခဲ့ကြပါတယ်။
ခွေးမကြီးကို ကယ်တင်အပြီးမှာတော့ ခွေးမကြီးကို ခေါ်ယူမွေးစားမယ့်သူ ပေါ်လာခဲ့ပါတယ်။


ခွေးသားအမိတွေကို အရှင်လတ်လတ် ကွန်ကရစ်လောင်း သင်္ဂြိုလ်ခဲ့တဲ့ လုံခြုံရေးဝန်ထမ်းကို အရေးယူခြင်း ရှိ/မရှိ ဆိုတာကိုတော့ သတင်းမှာ ဖော်ပြထားခြင်းမရှိပါ။



Follow us on