1. Home
  2. Myanmar News

ကျေးရွာပိုင်မြေကို အိမ်ကွက်ရိုက်ရောင်းစားသူ အုပ်ချုပ်ရေးမှူးအား အမှုဖွင့်

Myanmar News พ.ค. 02, 2561 view 1,493

မွန်ပြည်နယ် ပေါင်မြို့နယ်အတွင်း ကျေးရွာပိုင်မြေများကို အလွဲသုံးစားပြုကာ အိပ်ကွက်ရိုက်ပြီး ရောင်းစားထားသည့် အုပ်ချုပ်ရေးမှူးအား အမှုဖွင့်အရေးယူထားကြောင်း သိရှိရသည်။

ပေါင်မြို့နယ် မြလေးချောင်ကျေးရွာတွင် ရပ်ရွာမှပိုင်ဆိုင်သော မြေကွက်ကို အိမ်အကွက်များရိုက်ကာ ရောင်းစားထားမှုနဲ့ ကျေးရွာအုပ်ချုပ်ရေးမှူး ဦးစံသိန်းအား ပေါင်မြို့နယ် ရဲစခန်းတွင် မြလေးချောင်ရွာသား ကိုထွန်းဦး ဆိုသူက မေလ ၁ ရက်နေ့က အမှုဖွင့်တိုင်ကြားခဲ့သည်။

တိုင်ကြားမှုကြောင့် ကျေးရွာအုပ်ချုပ်ရေးမှူး ဦးစံသိန်း ကို ပေါင်မြို့နယ်ရဲစခန်းမှ (ပ)၂၂၉/၂၀၁၈ ရာဇသတ်ကြီးဥပဒေပုဒ်မ ၄၀၉ အရ ဖမ်းဆီးအရေးယူထားပြီး ဒုရဲအုပ်ကျော်ဇင်မင်း က စစ်ဆေးလျှက်ရှိကြောင်း ပေါင်နေ့စဉ် သတင်းမှ သိရှိရသည်။


 



Follow us on