1. Home
  2. Special or Others

ယူအက်မက္ကစီကိုနယ်စပ်အနီး ခရီးဆောင်အိတ်ထဲ၌ ကျားပေါက်စလေးတစ်ကောင်တွေ့ရှိ

Special or Others พ.ค. 02, 2561 view 1,758

တနင်္လာနေ့က အမေရိကန်နဲ့ မက္ကစီကိုနယ်စပ်အနီးတွင် ခရီးဆောင်အိတ်ပျော့တစ်လုံးကို တွေ့ရှိခဲ့သဖြင့် စစ်ဆေးကြည့်ရာ အသက်ရှင်လျှက် ကျားပေါက်စလေးတစ်ကောင်ကို အာဏာပိုင်များ တွေ့ရှိခဲ့ကြသည်။

မက္ကစီကိုနိုင်ငံမှ အမေရိကန်နိုင်ငံ တက္ကဆက်ပြည်နယ်အတွင်း တရားမဝင်ခိုးဝင်ရန် ကြိုးပမ်းခဲ့သ သုံးဦးက နယ်စပ်လုံခြုံရေးအစောင့်များနဲ့ တိုးပြီး မက္ကစီကိုနိုင်ငံထဲသို့ ကိုယ်လွတ်ရုန်း ပြန်ပြေးခဲ့ရာ အဆိုပါ ခရီးဆောင်အိတ်ကို စွန်းထားခဲ့ခြင်းဖြစ်သည်။


ကျားပေါက်စလေးမှာ သုံးလေးလသား အရွယ်မျှသာရှိပြီး ခရီးဆောင်အိတ်အတွင်း မေ့မျောနေခဲ့သည်။ ယခုအခါတွင် ကျားပေါက်လေး၏ အခြေအနေပြန်လည်ကောင်းမွန်လာပြီး တက္ကဆက်ရှိ ဘရောင်းစ်ဗယ်လီ တိရိစ္ဆာန်ရုံတွင် ပြုစုစောင့်ရှောက်ထားကြောင်း အမေရိကန် နယ်စပ်အကောက်ခွန်နှင့် နယ်စပ်ကာကွယ်ရေး အာဏာပိုင်များက ပြောကြားခဲ့သည်။
 



Follow us on