1. Home
  2. Myanmar News

အသက် (၆၀)ကျော် အငြိမ်းစားတစ်ဦး ကားမှတ်တိုင်တွင် ကတ်ကြေးနဲ့ အချက်ပေါင်းများစွာ ထိုးသတ်ခံရ

Myanmar News พ.ค. 03, 2561 view 1,524

မေလ (၂) ရက်နေ့က ကားမှတ်တိုင်တွင် လူအများကြား ကားစောင့်နေသော အသက် (၆၀)ကျော် အငြိမ်းစားဝန်ထမ်း အမျိုးသားကြီးတစ်ဦး လူငယ်တစ်ဦးက ကြတ်ကြေးဖြင့် အချက်ပေါင်းများစွာ ထိုးသတ်မှုတစ်ခု ဖြစ်ပွားခဲ့သည်။


ဖြစ်စဉ်မှာ မေလ (၂) ရက်နေ့က မင်းဘူးမြို့နယ်၊ ကျွဲသိုးမြောင်းကျေးရွာအနီး မင်းဘူး - မင်းလှ လမ်းခွဲတွင် အသက် (၆၄ နှစ်)အရွယ် ပညာရေးဝန်ထမ်း အငြိမ်းစား ဦးထွန်းရွှေသည် အဖော် ၄ ဦးနဲ့အတူ သရက်မြို့မှ စေတုတ္ထရာမြို့သို့ ပြန်ရန် ကားစောင့်နေစဉ် သူနဲ့အတူလိုက်ပါလာသော အသက် (၂၅ နှစ်)အရွယ် လှဦးဆိုသူက ကားဂိတ်အနီး ကွမ်းယာဆိုင်မှ ကတ်ကြေးကိုယူကာ ဦးထွန်းရွှေအား လူကြားထဲတွင် အချက်ပေါင်းများစွာ ထိုးသတ်ခဲ့ပြီးနောက် ထွက်ပြေးတိမ်းရှောင်သွားခဲ့သည်။


ဒဏ်ရာရရှိခဲ့သူ ဦးထွန်းရွှေကို သတင်းအရ ရောက်ရှိလာသော ရဲတပ်ဖွဲ့မှ ဆေးရုံပို့ဆောင်ခဲ့သော်လည်း ဦးထွန်းရွှေမှာ ရင်ညွန့် ထိုးသွင်းဒဏ်ရာ(၅)ချက်၊ ဝဲဘက်ရင်အုံ ထိုးသွင်းဒဏ်ရာ(၄)ချက်၊ ဝမ်းဗိုက် ဝဲဘက်ခြမ်း ထိုးသွင်းဒဏ်ရာ(၁)ချက်၊ ဝဲဘက်လက်မခွကြား ပြတ်ရှဒဏ်ရာ(၁)ချက်တို့ရရှိသွားပြီး ဆေးကုသမှုခံယူစဉ် သေဆုံးသွားခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါဖြစ်စဉ်နှင့် ပတ်သက်၍ လူသတ်မှုကျူးလွန်ပြီး ထွက်ပြေးတိမ်းရှောင်နေသူ လှဦးအား မင်းဘူးမြို့မရဲစခန်းတွင် (ပ)၄၅၆/၂၀၁၈၊ ရာဇသတ်ကြီးပုဒ်မ ၃၂၆ ဖြင့် အမှုဖွင့်ခဲ့ရာမှ ပုဒ်မ ၃၀၂ သို့ ပြောင်းလဲဖွင့်လှစ်ပြီး အမြန်ဆုံးဖမ်းဆီးရမိရေး ဆောင်ရွက်နေကြောင်း သိရသည်။

သတင်း - တာချီလိတ်သတင်းအေဂျင်စီ
 



Follow us on