1. Home
  2. Special or Others

၂၀၁၈ အတွက် မရှိမဖြစ် အကောင်းဆုံး အပလီကေးရှင်း (၁၀)ခု

Special or Others พ.ค. 03, 2561 view 1,662

ယနေ့ခေတ်လူသားများရဲ့ နေ့စဉ်ဘဝမှာ လူတိုင်းနီးပါး ကိုယ်နဲ့မကွာအမြဲရှိနေတတ်တာက စမတ်ဖုန်းပဲ ဖြစ်ပါတယ်။ အိမ်ကထွက်လာလို့ ပိုက်ဆံအိတ်သာ မေ့ချင်မေ့ရမယ့် ဖုန်းဘယ်တော့မှမမေ့။
မိုးလင်းကနေမိုးချုပ်တဲ့ထိ အမြဲအတူရှိနေတဲ့ ကိုယ်ရဲ့ စမတ်ဖုန်းမှာ ကိုယ့်အတွက် နေ့တိုင်းအသုံးဝင်ပြီး မရှိမဖြစ် သွင်းထားသင့်တဲ့ ၂၀၁၈ ခုနှစ်အတွက် အကောင်းဆုံး အပလီကေးရှင်း (၁၀)မျိုးကို ဖော်ပြပေးလိုက်ပါတယ်။

Facebook, Instagram စတဲ့ လူမှုကွန်ယက် အပလီကေးရှင်းတွေက ဖုန်းတိုင်းမှာ ရှိနှင့်ပြီးသားဖြစ်လို့ ချန်လှပ်ခဲ့ပါရစေ။

(Install လုပ်ရန် အပလီကေးရှင်းရဲ့ ခေါင်းစဉ်ကို နှိပ်ပါ)

၁။ 39 Bite Pu (၃၉ ဗိုက်ပူ)


မနက်မိုးလင်းလို့ အိမ်ကထွက်ပြီဆိုတာနဲ့ YBS စီးဖို့အတွက် ကိုယ့်ရဲ့ တည်နေရာကနေ ကိုယ်သွားချင်တဲ့ နေရာကို ဘယ်ကားနံပါတ် စီးသွားရမယ်ဆိုတာ လွယ်ကူရိုးရှင်းစွာ သိရမှာဖြစ်ပါတယ်။



၂။ MMK Exchange


နိုင်ငံတစ်ကာ ငွေပေါက်ဈေးတွေကို သိဖို့အတွက်ဆိုရင်တော့ ဒါလေးကို ဆောင်ထားပါ၊ အချိန်နဲ့ တစ်ပြေးညီ ပေါက်ဈေးတွေကို သိရပါလိမ့်မယ်။



၃။ Myanmar 24h သတင်းဦးများ


ပြည်တွင်းနဲ့ နိုင်ငံတစ်ကာမှာ ဖြစ်ပျက်နေတဲ့ နောက်ဆုံးရ သတင်းအကြောင်းအရာတွေကို ဖတ်ရှုဖို့ပါ။



၎။ Myanmar Bay Din


ကိုယ့်ရဲ့နေ့နံအလိုက် တစ်ပတ်စာကံကြမ္မာအပြင် ရာသီဖွားတွေရဲ့ စိတ်နေစိတ်ထား အစရှိသဖြင့်တို့ စုံလင်စွာပါဝင်ပါတယ်။



၅။ iAbidan (အဘိဓ္ဓာန်)


ကျောင်းမှာပဲဖြစ်ဖြစ်၊ လုပ်ငန်းခွင်မှာပဲဖြစ်ဖြစ် အင်္ဂလိပ်စာနဲ့ ပက်သက်ရင် မြန်မာဘာသာပြန် အဓိပ္ပါယ်ဖွင့်ဆိုချက် စုံလင်စွာပါရှိပါတယ်။



၆။ Myanmar Calendar (1920 to 2020)


မြန်မာနှစ် (၁၀၀) ပြက္ခဒိန်ဖြစ်ပြီး ရိုးရှင်းလွယ်ကူရုံသာမက၊ မြန်မာပွဲလရာသီတွေအပြင်၊ Reminder အဖြစ်လည်း အသုံးပြုနိုင်ပါသေးတယ်။


၇။ Shwe Mee Eaim – Myanmar Book


သုတ၊ ရသ အမျိုးမျိုးသော စာအုပ်အစုံစုံကို တစ်နေရာထဲမှာ အခမဲ့ရယူဖတ်ရှုနိုင်တဲ့ အွန်လိုင်း စာကြည့်တိုက်လေး ဖြစ်ပါတယ်။



၈။ JOOX Music


မြန်မာသီချင်းနဲ့ နိုင်ငံတစ်ကာ သီချင်းလေးတွေကို Offline အနေနဲ့ အချိန်မရွေး နားဆင်နိုင်ပြီး Playlist လေးတွေလဲ အသင့်ရှိတာမို့ သီချင်းချစ်သူတွေအတွက် အဆင်ပြေမှာပါ။



၉။ The Voice


သီချင်းဝါသနာရှင်တွေကိုယ်တိုင် အသံအရည်အသွေးမြင့် မြန်မာနဲ့ နိုင်ငံတစ်ကာသီချင်းများကို ကာရာအိုကေ သီဆိုပြီး သိမ်းထားနိုင်မယ့် အပလီကေးရှင်းဖြစ်ပါတယ်။ ကိုယ့်အသံကို ကိုယ်ယုံကြည်ရင် ဆိုထားတဲ့ အသံဗီဒီယိုဖိုင်ကို ပေးပို့ပြီး The Voice Myanmar မှာ ပြိုင်ပွဲဝင်တစ်ယောက်အဖြစ် အရွေးခံနိုင်ပါတယ်။



၁၀။ ZEEGWAT


မြန်မာရုပ်ရှင်၊ ရုပ်သံချန်နယ်လိုင်းပေါင်းစုံကို ဖုန်းထဲကနေ အလွယ်တစ်ကူ အချိန်မရွေး ကြည့်ရှုနိုင်မယ့် အပလီကေးရှင်းဖြစ်လို့ အရမ်းအသုံးဝင်တေယ်နော်။


အထက်မှာ ဖော်ပြခဲ့တဲ့ အပလီကေးရှင်းတွေကတော့ Andriod ဖုန်းအသုံးပြုသူတွေအတွက် နေ့စဉ်မရှိမဖြစ် အသုံးဝင်တဲ့ အရာတွေချည်းပဲဖြစ်လို့ အဲဒီ App ၁၀ မျိုးစလုံး သင့်ရဲ့ ဖုန်းထဲမှာ ရှိနေမယ်ဆိုရင် အားလုံးအဆင်ပြေသွားပြီပေါ့။
 



Follow us on