1. Home
  2. Special or Others

ကျည်ဖြည့်ထားတဲ့ ပစ္စတိုသေနတ်ကို အမျိုးသမီးအင်္ဂါထဲ ထည့်ဝှက်လာသူ အဖမ်းခံရ

Special or Others พ.ค. 03, 2561 view 1,611

မူးယစ်ဆေးဝါးနဲ့ လက်နက်၊ ခိုးဝှက်သယ်ဆောင်လာမှုနဲ့ အသက် ၂၇ နှစ်အရွယ် အမျိုးသမီးတစ်ဦးကို ရဲကဖမ်းဆီးလိုက်ပါတယ်။

Anika Watt ဆိုသူ အမျိုးသမီးဟာ ဘိန်းဖြူကို သူမရဲ့ ဘရာစီယာထဲမှာ ဝှက်သယ်ခဲ့ပြီး ကျည်ဆံအပြည့်ပါတဲ့ ပစ္စတိုသေနတ်ကိုတော့ သူမရဲ့ အမျိုးသမီးအင်္ဂါထဲမှာ ထည့်ပြီး ဝှက်ယူခဲ့တာဖြစ်ပါတယ်။


သူမဟာ ကျည်ဆံထည့်ထားတဲ့ ပစ္စတိုသေနတ် Kimber .380 ကို ရဲတွေရှာဖွေလို့မရအောင် သူမရဲ့ အမျိုးသမီးအင်္ဂါထဲမှာ ထည့်ပြီး ဝှက်ခဲ့ပေမယ့် ဘိန်းဖြူကို ဘရာစီယာအောက်မှာ ထည့်ဖွက်လာကြောင်း စစ်ဆေးတွေ့ရှိပြီးနောက် ရဲအမျိုးသမီးက တစ်ကိုယ်လုံးကို စေ့စေ့စပ်စပ်ရှာဖွေခဲ့ရာမှ သေနတ်ကိုလည်း ရှာဖွေနိုင်ခဲ့တာဖြစ်ပါတယ်။


ပစ္စတိုသေနတ်ကို မိန်းမအင်္ဂါထဲ ဘယ်လိုထည့်ဝှက်ခဲ့လည်းဆိုတာ စဉ်းစားရကြပ်နေခဲ့ပေမယ့် Anika Watt ကတော့ ရအောင် ထည့်ဝှက်ခဲ့တာဖြစ်ပါတယ်။
သူမဟာ မူးယစ်ဆေးဝါးမှုနဲ့ ထောင်ဒဏ် ၁၀ နှစ်၊ လက်နက်ကိုင်ဆောင်မှုနဲ့ ထောင်ဒဏ် ၁၅ နှစ်ကျခံဖွယ်ရာရှိတယ်လို့ သတင်းမှာ ဖော်ပြထားပါတယ်။
 



Follow us on