1. Home
  2. Myanmar News

ညီမဖြစ်သူ၏ကိစ္စအား တာဝန်ယူရန် သွားပြောသည့်အစ်ကို ဓါးထိုးခံရ

Myanmar News พ.ค. 10, 2561 view 1,561

မေလ ၈ ရက်နေ့က မြောက်ဥက္ကလာပမြို့နယ်တွင် ညီမဖြစ်သူ၏ အချစ်ရေးကိစ္စအား ဝင်ရောက်ရှင်းပေးခဲ့သူ အစ်ကိုအား ညီမ၏ ရည်းစားဖြစ်သူမှ ဓါးနဲ့ထိုးခဲ့သဖြင့် အစ်ကိုဖြစ်သူ သေဆုံးမှုဖြစ်ပွားခဲ့သည်။

ရန်ကုန်တိုင်း မြောက်ဥက္ကလာပမြို့နယ် “ဌ” ရပ်ကွက်၊ ပိတောက် ၉ လမ်းတွင် ညီမ၏ ရည်းစားကို အစ်ကိုဖြစ်သူက တွေ့ဆုံပြီး ညီမကို ယူရန်ပြောဆိုရာ တစ်ဖက်က မယူနိုင်ဘူးဟု ငြင်းပယ်ပြန်ပြောခဲ့ရာမှ စကားများ ရန်ဖြစ်ကြရာ ညီမ၏ရည်းစားက အစ်ကိုအား ဓါးဖြင့်ထိုးခဲ့သည်။


အစ်ကိုဖြစ်သူမှာ ထိုးသွင်းဒဏ်ရာ ၄ ချက်၊ ပြတ်ရှဒဏ်ရာ ၄ ချက်ဖြင့် နေရာတင်ပင် သေဆုံးခဲ့ခြင်းဖြစ်သည်။
မြောက်ဥက္ကလာပ မြို့နယ်ရဲစခန်းမှ တာဝန်ရှိ ရဲတပ်ဖွဲ့များက တရားခံကို ဖမ်းဆီးနိုင်ခဲ့ပြီး သေဆုံးသူအား ပုလဲမြို့သစ် အရန်မီးသတ်တပ်ဖွဲ့ဝင်များ၏ အကူအညီဖြင့် မေဓါဝီဆေးရုံသို့ ပို့ဆောင်ခဲ့ကြောင်း ပုလဲမြို့သစ် အရန်မီးသတ်တပ်ဖွဲ့မှ သတင်းရရှိသည်။



Follow us on