1. Home
  2. Special or Others

ဇွဲ လုံးဝမလျှော့တဲ့ စစ်မှုထမ်းဟောင်းကြီး အသက် ၉၆ နှစ်မှာ ဘွဲ့ရခဲ့ပြီ

Special or Others พ.ค. 10, 2561 view 1,609

ဒုတိယကမ္ဘာစစ်တွင်းက စစ်မှုထမ်းခဲ့ဖူးသူ စစ်ပြန်အမှုထမ်းဟောင်းကြီး “ရောဘတ်ဘာဂါ” အသက် ၉၆ နှစ်ဟာ မေလ ၅ ရက်နေ့က သူ့ရဲ့အနှစ်နှစ်အလလက အိမ်မက်တွေကို အကောင်အထည်ဖော်နိုင်ခဲ့ပြီး တက္ကသိုလ်ကနေ ဘွဲ့ရခဲ့ပါတယ်။


“ရောဘတ်ဘာဂါ” ဟာ စစပြန်ခဲပြီးနောက် အမေရိကန်ရေတပ်မှာ တာဝန်ထမ်းဆောင်ခဲ့ပါတယ်။ သူဟာ ပညာရေးကို ဆုံးခမ်းတိုင်အောင် သင်ကြားလိုပေမယ့် အိမ်ထောင်တာဝန် မိသားစု စားဝတ်နေရေးအတွက် မကြာခဏ ကျောင်းထွက်ပြီး အလုပ်လုပ်နေခဲ့ရပါတယ်။


၂၀၁၃ ခုနှစ်မှာ တိုလဲဒို တက္ကသိုလ်ရဲ့ ဒါရိုက်တာလည်းဖြစ် စစ်မှုထမ်းဟောင်းများ အရေးကိစ္စကို ကိုင်တွယ်သူလည်းဖြစ်တဲ့ ရေတပ်အရာရှိ “ဟာရတ်ဇ် အန် ဂမ်ဘာရီ” နဲ့ တွေ့ဆုံခဲ့ပါတယ်။ “ဂမ်ဘာရီ” က “ဘာဂါ” ရဲ့ စစ်မှုထမ်းမှတ်တမ်းကို စစ်ဆေးကြည့်တဲ့အခါ ဘွဲ့ရတစ်ရောက်ဖြစ်နိုင်ဖို့ လိုအပ်ချက်တေါနဲ့ ကိုက်ညီနေတာကို တွေ့ခဲ့ရပါတယ်။ ဒီအချက်က “ဘာဂါ” ရဲ့ မျှော်လင့်ချက်လမ်းစ တစ်ဖန် လင်းလက်ခဲ့တာပါ။

၂၀၁၈ ခုနှစ် မေလ ၅ ရက်နေ့မှာတော့ ဖိတ်ကြားထားတဲ့ စစ်မှုထမ်းဟောင်း ၁၀၀ နဲ့ အငြိမ်းစားအဖွဲ့အစည်းတွေ ရှေ့မှောက်မှာပဲ “ဘာဂါ” ရဲ့ ဘွဲ့ယူခြင်းအခမ်းအနားကို ကျင်းပခဲ့ပါတယ်။

“ရောဘတ်ဘာဂါ” ဘွဲ့ရရှိတဲ့အချိန်မှာ အသက် ၉၆ နှစ်ရှိပြီဖြစ်ပြီး မြေး ၄ ယောက်၊ မြစ် ၅ ယောက်၊ တီ ၄ ယောက်တို့ရဲ့ အဖိုးဖြစ်နေပါပြီ။


ကျွန်တော် ဘွဲ့ရဖို့ထိ ဆုံးခမ်းတိုင်အောင် လုပ်နိုင်လိမ့်မယ်လို့ မထင်ခဲ့မိပါဘူး။ ကျွန်တော်ရဲ့ မြစ်တစ်ယောက်က တိုလဲဒို တက္ကသိုလ်ကနေ ဘွဲ့ရထားတာပါ။ အခုဆိုရင် သူတစ်ယောက်ထဲ မဟုတ်တော့ပါဘူး ကျွန်တော်လဲ ဘွဲ့ရခဲ့ပါပြီ” ဟု ဘာဂါက ပြောကြားခဲ့ပါတယ်။
 



Follow us on