1. Home
  2. Special or Others

ကျားသစ်အစာ ဖြစ်ရရှာတဲ့ ၂ နှစ်သား ကလေးငယ်

Special or Others พ.ค. 10, 2561 view 1,851

ယူဂန်ဒါနိုင်ငံက အမျိုးသားဥယျဉ်ကြီးထဲမှာ အပန်းဖြေထွက်လာတဲ့ ၂ နှစ်သားအရွယ် ကလေးတစ်ဦး ကျားသစ်တစ်ကောင်ရဲ့အစာ ဖြစ်ခဲ့ရပါတယ်။

သေဆုံးခဲ့သူ ကလေးငယ်ဟာ ရဲမှူးကြီး Francis Manana နဲ့ တောခေါင်းဖြစ်သူ Doreen Ayera တို့ရဲ့ သားလေးဖြစ်ပါတယ်။ ပြီးခဲ့တဲ့ သောကြာနေ့က အဲလီဇဘတ်ဘုရင်မ အမျိုးသားပန်းခြံမှာရှိတဲ့ ဝန်ထမ်းများနေထိုင်ရာ အဆောက်အအုံရဲ့ အပြင်ဘက်မှာ ကလေးထိန်းနဲ့အတူ ရှိနေခဲ့ပါတယ်။

ကလေးက မြစ်ကမ်းနဖူးနားကို သွားတဲ့အချိန်မှာပဲ ကျားသစ်တစ်ကောင်ခြုံပုတ်ထဲက ထွက်လာပြီး ကလေးကိုဆွဲသွားခဲ့တာဖြစ်ပါတယ်။ ကလေးငိုသံကြားမှပဲ ကလေးထိန်းက သိသွားပြီးကြည့်လိုက်တဲ့အချိန်မှာ ကျားသစ်က ကလေးကိုကိုက်ချီပြီး ခြုံပုတ်တွေထဲကို ဝင်ပြေးသွားခဲ့ပါတယ်။


အာဏာပိုင်တွေက ကလေးကိုတောနင်းရှာပြီး နောက်တစ်ရက်မှာပဲ အလောင်းအစအနကို ပြန်ရခဲ့ပါတယ်။ ကျားသစ်ကိုတော့ နောက်ထပ် အန္တရာယ်ပေးနိုင်တဲ့အတွက် သုတ်သင်ရှင်းလင်းခဲ့ပါတယ်။

သနားစရာကလေးကတော့ ကျားသစ်အစာ ဖြစ်ခဲ့ရပြီး မိဘနှစ်ပါးက ကြေကွဲဝမ်းနည်းနေကြရပါတယ်။
 



Follow us on