1. Home
  2. Special or Others

ထီပေါက်ပြီးနောက် ဘုန်းကြီးဘဝကိုစွန့်ခွာခဲ့သူရဲ့ အဖြစ်ဆိုး

Special or Others พ.ค. 14, 2561 view 1,583

ထိုင်နိုင်ငံတွင် ဘုန်းကြီးတစ်ပါး ထီပေါက်ခဲ့ပြီးနောက် လူဝတ်လဲကာ သောက်စားမူးယစ်ခဲ့သဖြင့် အဖြစ်ဆိုးနှင့်သေဆုံးခဲ့ရသည်။


ရယောင်ပြည်နယ်တွင် နေထိုင်သူ အသက် ၅၅ နှစ်အရွယ် “အပီချ” ဆိုသူ စစ်မှုထမ်းဟောင်းကြီးသည် အိမ်ထောင်ရေးအဆင်မပြေဖြစ်ကာ မိန်းမနဲ့ ကွဲခဲ့ပြီးနောက် လူ့ဘဝကို စိတ်ကုန်သွားပြီး သာသနာ့ဘောင်သို့ကူးပြောင်းကာ ရဟန်းဝတ်နေခဲ့သည်။


ရဟန်းပြုနေစဉ် ၂၀၁၅ ခုနှစ် အောက်တိုဘာလ ၁၆ ရက်နေ့ ထွက်ရှိခဲ့သော ထိုင်းချဲထီ ပထမဆု ထိုင်းဘတ် ၆ သန်း (ကျပ် သန်းပေါင်း ၃၀၀ ကျော်)ပေါက်ခဲ့ပြီး လူဝတ်လဲသွားခဲ့သည်။ ရရှိတဲ့ငွေများနဲ့ ပျော်ပျော်ပါးပါး သောက်သောက်စားစားနေလာခဲ့ရာ ယခုနှစ် မေလ ၁၃ ရက်နေ့က လူသွားလူလာပြတ်သည့် လမ်းပေါ်တွင် အရက်မူးပြီး ဆိုင်ကယ်စီးလာရာ ဆိုင်ကယ်မှောက်ခဲ့ပြီးနောက် သူစီးလာသော ဆိုင်ကယ်ပိကာ သေဆုံးခဲ့သည်။


သူ၏အလောင်းကို နံနက်စောစော ဆွမ်းခံကြွသည့် ကိုယ်တော်များ တွေ့ရှိခဲ့ပြီ:နောက် ရဲစခန်းသို့အကြောင်းခဲ့ကြသည်။ ထိုင်နိုင်ငံမှာတော့ သူ့ရဲ့ဆိုင်ကယ်နံပါတ်ကို ဒီတစ်ပါတ် ချဲထီနံပါတ်အဖြစ် ပုံအောပြီး ထိုးမယ်လို့ သတင်းထွက်ပေါ်နေပါတယ်။


 



Follow us on