1. Home
  2. Special or Others

ကလေးမှာဘာအပြစ်ရှိလို့ ဒီလောက်တောင် လူမဆန်ရတာလဲ..?

Special or Others พ.ค. 15, 2561 view 1,391

ဒီနေ့တော့ ကလေးငယ်လေးတွေနဲ့ ပက်သက်တဲ့ သတင်းတွေက ဆက်တိုက်ဆိုသလိုပါပဲ။ မူကြိုကလေးတစ်ယောက်ကို ခဲနဲ့ဝိုင်းပေါက်ဖို့ ညွှန်ကြားတဲ့ သတင်းက အခုတင်ရေးပြီးကာစ ရှိပါသေးတယ် နောက်ထပ် ဒေါသဖြစ်စရာကောင်းတဲ့ နေ့ကလေးထိန်း ဆရာမတစ်ယောက်ရဲ့ သတင်းက ထွက်ပေါ်လာပြန်ပါပြီ..။

လောကကြီးမှာ အပြစ်မဲ့တဲ့ကလေးတွေအပေါ် မညှာမတာဆက်ဆံတာက ရွံစရာအကောင်းဆုံး အပြစ်တစ်ခုကို ကျူးလွန်လိုက်တာပါပဲ။
ဒီမူကြိုဆရာမရဲ့ လုပ်ရပ်ဟာလည်း လုံးဝခွင့်လွှတ်နိုင်စရာအကြောင်းမရှိဘူးဆိုတာ ဗီဒီယိုကို သင်ကိုယ်တိုင်ကြည့်လိုက်ရင် သိနိုင်ပါတယ်။

တောက်တီးတောက်တဲ့နဲ့ ပြေးလာတဲ့ ကလေးမလေးကို သူ့ရဲ့စားပွဲခုံကို ဆရာမဖြစ်သူက နောက်ကနေ ပစ်တွန်းလိုက်ပါတယ်။ ကံကောင်းလို့ ကလေးက လဲမလိုဖြစ်သွားရာကနေ အရှိန်ထိန်းနိုင်လိုက်ပြီး သူ့ရဲ့ ကုလားထိုင်းမှာ ဝင်ထိုင်လိုက်စဉ် ဆရာမက နောက်ကနေ ကလေးရဲ့ ပလပ်စတစ်ကုလားထိုင်ကို ရုပ်တရက်ဆွဲယူလိုက်ပါတယ်။ ကလေးက ထိုင်ချလိုက်စဉ် ထိုင်ခုံနဲ့ လွဲသွားပြီး နောက်ပြန်လဲကျသွားတာက ကြည့်ရသူတိုင်းရဲ့ အသည်းနှလုံးတွေကို ဆွဲဖြုတ်ချလိုက်သလို ခံစားရပါတယ်။

အကယ်၍များ ကလေးရဲ့ ဦီးခေါင်း ကြမ်းပြင်နဲ့ ခပ်ပြင်းပြင်း ဆောင့်သွားခဲ့ရင်...? ဆက်မတွေးရဲပါဘူး..။

စီစီတီဗီရုပ်သံကနေ ဖမ်းမိထားတဲ့ ဗီဒီယိုဟာ အွန်လိုင်းပေါ်ပျံ့နှံ့သွားခဲ့ပြီး ပြောဖွယ်ရာမရှိအောင် ဝေဖန်ခံရပါတယ်။ လက်ရှိမှာတော့ ဘယ်ကျောင်းမှာဖြစ်တာလဲ ဆိုတာနဲ့ ဆရာမရဲ့ အမည်တို့ကိုတော့ ဖော်ပြထားခြင်းမရှိသေးပါဘူး။
 



Follow us on