ဘတ်စ်ကားပေါ်မှာ ဆန္ဒကို သိက္ခာနဲ့ မထိန်းသိမ်းနိုင်ခဲ့တဲ့ အမျိုးသားတစ်ဦးကြောင့် နေရထိုင်ရခက်ခဲ့တဲ့ အမျိုးသမီးတစ်ဦးက အဲဒီလူရဲ့လုပ်ရပ်ကို ဗီဒီယိုရိုက်ပြီး အွန်လိုင်းပေါ်မှာတင်ခဲ့ပါတယ်။
အသက် ၂၂ အရွယ် Karlah Louise Daly ဆိုသူ အမျိုးသမီးဟာ ဘတ်စ်ကားစီးလာစဉ် အမျိုးသားတစ်ဦးက သူ့အနီးနားကပ်လာပြီး သူကိုစိုက်ကြည့်နေရင်း ဘောင်းဘီချွတ်ကာ အာသာဖြေနေတာကို တွေ့လိုက်ရပြီး ရှော့ခ်ရခဲ့ပါတယ်။ သူ့ရဲ့ လုပ်ရပ် ရပ်တန့်သွားအောင် ဖုံးကင်မရာနဲ့ ဗီဒီယိုရိုက်ခဲ့ပေမယ့် ငနဲက မဖြုံပဲ သူ့ဟာသူဆက်လုပ်နေခဲ့ပါတယ်။
“ဘတ်စ်ကားက အောက်မှာကြပ်နေတာနဲ့ အပေါ်ထပ်မှာ တက်စီးလိုက်မိတယ်။ ဘတ်စ်ကားရဲ့ ဘယ်ဘက်ခြမ်း အလယ်ခုံလောက်မှာ နေရာရတယ် အဲဒီအချိန်မှာ ငနဲက ဟိုးနောက် ညာဘက်ခြမ်းမှာ ထိုင်နေတာ။
ဂိတ်ဆုံးခါနီး အပေါ်ထပ်က လူတွေတစ်ဖြည်းဖြည်းနဲ့ ဆင်းသွားတော့ သူနဲ့ကျွန်မပဲ ကျန်နေခဲ့တယ်။ ငနဲက ကျွန်မနဲ့ အနီးဆုံးခုံမှာလာထိုင်ပြီး ကျွန်မကိုကြည့်ပြီး သူ့ဟာသူ အာသာဖြေတော့တာပဲ။ ကျွန်မလဲ အရမ်းလန့်သွားတယ်။ သူ့လုပ်ရပ်များ ရပ်သွားမလားလို့ ဖုန်းကင်မရာနဲ့ လှည့်ရိုက်ပေမယ့် သူက ဂရုကိုမစိုက်တာ။ ကျွန်မလဲ ထူပူပြီး ဘာလုပ်ရမှန်းကို မသိတော့တာ”
“အောက်ထပ်ကိုဆင်းပြီး ဘတ်စ်ကား ဒရိုင်ဘာကို ပြောတော့ သူက ကျွန်မကို အောက်မှာပဲ စီးဖို့တိုက်တွန်းခဲ့တယ်၊ သူလဲ ရုတ်တရက် ဘာမှမကူညီနိုင်ဘူးဖြစ်သွားတယ်၊ ကျွန်မ ဆင်းရမယ့်မှတ်တိုင်ရောက်တော့ ကားပေါ်က ဆင်းလိုက်တယ် အဲဒီလူကတော့ ကားအပေါ်ထပ်မှာ ဆက်ပါသွားတယ်။ တွေးမိတာက အခြားအမျိုးသမီးတွေ တက်လာရင်လဲ သူဒီလိုလုပ်ဦးမယ်ထင်တယ်” လို့ ပြောကြားခဲ့ပါတယ်။