1. Home
  2. Myanmar News

သီပေါမြို့ တွင် မှန်လုံယာဉ် နှင့် ၂၂ ဘီးယာဉ်မတော်တဆတိုက်မိ ၁ ဦးသေ ၇ ဦး ဒဏ်ရာရ

Myanmar News พ.ค. 18, 2561 view 1,505
ယနေ့ မေလ ၁၈ ရက်နေ့ နံနက်ပိုင်းအချိန်တွင် ပြည်ထောင်စုလမ်းမကြီးပေါ် မှန်လုံယာဉ်တစ်စီး နှင့် ၂၂ ဘီးယာဉ်တို့ တိုက်မိရာမှ ၁ ဦးသေ ၇ ဦးဒဏ်ရာရရှိခဲ့ ကြောင်းသိရသည် ။
 
 
ဖြစ်စဉ်မှာ သီပေါမြို့ ပြည်ထောင်စုလမ်းမကြီးပေါ်တွင် ခရီးသည် ၃၀ ကျော်တင်လာသော Express ကား နှင့် ၂၂ ဘီးကားတိုက်မိခြင်းဖြစ်ပြီးအခင်းဖြစ်ပွားရာတွင် အမျိုးသမီး ၁ ဦး သေဆုံးသွားခဲ့သည် ။ အဆိုပါ ဖြစ်စဉ်ကြောင့် သေဆုံးသူမှာ အသက်(၃၅)နှစ်ရှိ အမျိုးသမီးတစ်ဦးဖြစ်ပြီး လတ်တလောတွင် ၎င်း၏ ဆွေမျိုးများနှင့်နေထိုင်ရာ လိပ်စာကို မသိရှိရသေးကြောင်း နှင့် ဒဏ်ရာရရှိသူများမှာ မစိုးရိမ်ရကြောင်း သိရသည်။
 
 
“Express ကားက သီပေါဘက်ကနေ လားရှိုးဘက်ကို အတက်၊ (၂၂)ဘီးကားက လားရှိုးဘက်ကအဆင်း အဲ့လို ဆုံတဲ့နေရာမှာ Express ကားက တစ်ဖက်လမ်းကြောပေါ် ရောက်နေတာ တွေ့ရတယ်၊ တိုက်မိထားတဲ့ နေရာမှာ ခရီးသည်တင် ယာဉ်က လမ်းကြောမှားတဲ့ သဘောရှိတယ်၊ ခရီးသည် တစ်ယောက် ကတော့ သေသွားတယ်” ဟု တာချီလိတ်သတင်းဌာနတွင် ရေးသားဖော်ပြထားပါသည် ။
 
 
ယခု ယာဉ်မတော်တဆမှုဖြစ်ပွားခဲ့သည့် ပြည်ထောင်စုလမ်းမပေါ် မိုင်တိုင် (၁၄၃)နှင့် (၁၄၄)အကြားရှိ စံလောင်း ကျေးရွာအနီး အဆင်းအကွေ့နေရာများ၌ လမ်းကျဉ်းမြောင်းနေပြီး ဆိုင်ကယ်တိမ်းမှောက်မှု နှင့် ယာဉ်တိုက်မှုများ မကြာခဏဖြစ်ပွားတတ်သည့် နေရာဖြစ်ကြောင်း သိရှိရသည်။


Follow us on