1. Home
  2. Myanmar News

ဘင်္ဂလီ ၂၅ ဦးကို ကျောက်တော်မြို့ ဘက်သို့ခိုးဝင်လာစဉ် ဖမ်းမိ

Myanmar News พ.ค. 18, 2561 view 1,563
မေလ ၁၇ ရက်နေ့ နံနက်ပိုင်း ၁၁ နာရီခွဲအချိန်ခန့်တွင် ရခိုင်ပြည်နယ် ကျောက်တော်မြို့ နယ်ဘက်မှ လှေဖြင့်ခိုးဝင်လာသော ဘင်္ဂလီလူမျိုး ၂၅ ဦးကို ရဲများကဖမ်းမိခဲ့သည် ။
 
ဖြစ်စဉ်မှာ ဘင်္ဂလီလူမျိုး ၂၅ ဦးတို့က အမ်းမြို့ နယ် ကဇူးကိုင်းကျေးရွာအုပ်စု ချောက်ခြုံတောင် ကျေးရွာအနီး ကမ်းထောင်ကြီးလမ်းဘေးတောတွင် ခြုံဘေးတစ်နေရာတွင် ခိုးဝင်လာနေသည်ကို ရဲများကတွေ့ ရှိပြီး ဖမ်းမိခဲ့ခြင်းဖြစ်သည် ။ ရဲများက ယောက်ကျား ၂၂ မိန်းခလေး ၃ ယောက် စုစုပေါင်း ၂၅ ယောက်ဖမ်းမိခဲ့သည်ဟု သိရသည် ။
 
 
“ ကနဦး စစ်ဆေးချက်အရ သူတို့ဟာ ကျောက်တော်မြို့နယ်မှာ နေထိုင်ကြ သူတွေ ဖြစ်ကြပြီးလှေနဲ့ လာကြတာလို့ သိရပါတယ်။ သူတို့ကို စစ်ဆေး နေတုန်း ဖြစ်တဲ့ အတွက် လှေနဲ့ လာပြီး ဘယ်ကို ဆက်သွား ကြမလဲဆိုတာ  မေးမြန်းနေတုန်း ဖြစ်ပါတယ်” ဟု နိရဉ္စရာသတင်းဌာနတွင် ရေးသားဖော်ပြထားပါသည် ။
 
အဆိုပါဖြစ်စဉ်နှင့်ပတ်သက်ပြီး ဘင်္ဂလီလူမျိုး ၂၅ ဦးကို အမ်းမြို့ နယ် ရဲစခန်းတွင် ဖမ်းဆီးထိန်းသိမ်းထားကြောင်း သိရသည် ။


Follow us on