ဒီကနေ့ မေလ ၂၁ရက်နေ့ကတော့ ရုပ်ရှင်သရုပ်ဆောင် ဦးလူမင်းရဲ့ချစ်ဇနီး မခင်စံပယ်ဦးရဲ့ ၃၄နှစ်ပြည့်မွေးနေ့ဖြစ်ပါတယ်။ မွေးနေ့ရက်မြတ်လေးရဲ့မနက်စောပိုင်းမှာတော့ မခင်စံပယ်ဦးက မိသားစုနဲ့အတူ သံဃာတော်များကို အာရုံဆွမ်းများလောင်းလှူခဲ့ကြပါတယ်။ ဦးလူမင်းကလည်း မွေးနေ့ရှင်ဇနီးသည်ရဲ့အလှူမှာ ပါဝင်ကုသိုလ်ယူကာ ဆွမ်းလောင်းလှူခဲ့ပါတယ်။ မိသားစုလိုက် ဆွမ်းလောင်းလှူနေတဲ့ပုံလေးတွေကတော့ မြင်ရတာကြည်နူးစရာအပြည့်ပင်။
နေ့လယ်ဘက်မှာတော့ မခင်စံပယ်ဦးက မွေးနေ့အလှူအဖြစ် သွေးလှူဒါန်းခဲ့ပါသေးတယ်။ ပြီးနောက် ဘုရားသို့သွားကာ ရင်ပြင်ပေါ်ရှိ သီလရှင်နဲ့ယောဂီတစ်ချို့ကို အလှူပြုကာ ထပ်ဆင့်ကုသိုလ်ယူခဲ့ပါတယ်။ ဦးလူမင်းကတော့ ယောကျာ်းကောင်းတစ်ယောက်ပီသစွာ ဇနီးသည်ရဲ့မွေးနေ့ကုသိုလ်ပြုမှုတို့အတွက် ဘေးကနေလိုက်ပါ ပါရမီဖြည့်ပေးနေတာကိုတွေ့ရပါတယ်။ မိန်းမကိုလည်းအတော်ချစ်ပုံပါပဲနော်။
ဦးလူမင်းတို့ဇနီးမောင်နှံက အိမ်ထောင်သက် ၁၃နှစ်ရှိပြီဖြစ်ပြီး သားတစ်ယောက် သမီးတစ်ယောက်နဲ့အတူ ခိုင်မာတဲ့မိသားစုဘ၀ကို တည်ဆောက်ထားသူတွေပဲဖြစ်ပါတယ်။ ရုပ်ရှင်အစည်းအရုံးရဲ့ဥက္ကဌဖြစ်ခဲ့စဉ်က အနုပညာအလုပ်တွေနဲ့ဝေးကွာခဲ့တဲ့ ဦးလူမင်းက ယခုချိန်မှာတော့ သူဝါသနာပါရာအနုညာအလုပ်တွေကိုလည်း ပြန်လည်လုပ်ကိုင်လျက်ရှိနေပါပြီဖြစ်ပါတယ်။