1. Home
  2. Special or Others

အိမ်ထောင်ရေးအဆင်ပြေအောင် အိမ်ထောင်ရှိအမျိုးသား ၁၀၀ ကျော်နဲ့ အတူအိပ်သူ

Special or Others พ.ค. 21, 2561 view 1,703

အိမ်ထောင်သည် ယောက်ျားများကို အိမ်ထောင်ရေး အဆင်ပြေစေဖို့ ကူညီတဲ့အနေနဲ့ အိမ်ထောင်ရှိ အမျိုးသား ၁၀၀ ကျော်နဲ့ အိပ်ဖူးပါတယ်လို့ အမျိုးသမီးတစ်ဦးက မချွင်းမချန် ဝန်ခံလိုက်ပါတယ်။

စီးပွားရေးလုပ်ငန်းရှင်များအတွက် ဘဏ္ဍာရေးဆိုင်ရာ အကြံပေးလုပ်ငန်းကို လုပ်ကိုင်နေတဲ့ အသက် ၄၇ နှစ်အရွယ် Gweneth Lee ဆိုသူ အမျိုးသမီးက ရုပ်သံအစီအစဉ် “This Morning” ရဲ့ အင်တာဗျူးမှာ အခုလို မကွယ်မဝှက်ပဲ ပြောကြားခဲ့တာဖြစ်ပါတယ်။

သူမဟာ အွန်းလိုင်း ဝဘ်ဆိုက်ပေါ်ကနေတစ်ဆင့် အိမ်ထောင်သည် အမျိုးသားများနဲ့ ချိန်းဆိုပြီး အတူအိမ်ခဲ့တာ အခုဆိုရင် အယောက် ၁၀၀ ကျော်ပြီလို့ ဆိုပါတယ်။ များသောအားဖြင့် သူချိန်းတွေ့ခဲ့တဲ့ ယောက်ျားတွေဟာ အိမ်ထောင်ရေးသုခ ခမ်းခြောက်နေသူတွေ ဖြစ်တယ်လို့ ဆိုပါတယ်။

ကျွန်မကြုံခဲ့တဲ့ ယောက်ျားအတော်များများက ‘မင်းနဲ့အခုလို ဆုံဆည်းပြီး ကြိတ်ပုန်းခုတ်လိုက်ရတာ ငါရဲ့ဘဝတစ်ခုလုံး  နေကောင်းသွားသလိုပဲ’ လို့ ပြောကြတာချည်းပါပဲ။


အိမ်ထောင်သက် နှစ်အစိတ်၊ သုံးဆယ်လောက်ရောက်လာတော့ သူတို့မိန်းမတွေက လိင်စိတ်ကုန်လာတဲ့အတွက် သူတို့မှာ အိမ်ထောင်ရေးသုခ ခမ်းခြောက်လာကြတယ်၊ မွေးနေ့အမှတ်တရတို့၊ ခရစ္စမတ်တို့၊ မင်္ဂလာနှစ်ပတ်လည် စတဲ့နေ့တွေလောက်ပဲ အမှတ်တရအနေနဲ့ သူတို့မိန်းမတွေက အကပ်ခံကြပြီး ကျန်တဲ့အချိန်တွေမှာတော့ ဆန္ဒမရှိကြတော့ဘူး

လန်ဒန်မြို့ ချယ်လ်ဆီး မှာ နေထိုင်ပြီး မော်ဒယ်လည်း လုပ်ခဲ့ဖူးတဲ့ Gweneth Lee က အိမ်ထောင်ရေး ပြဿနာရှိနေသူတွေကို ကူညီပေးဖို့ သူမမှာ အမြဲဆန္ဒရှိပါတယ်လို့ ဆိုပါတယ်။

အိမ်ထာင်ရေးဆိုတာ တစ်ကယ့်စိန်ခေါ်မှုကြီးပါပဲ၊ ညားကာစ အချိန်တွေမှာတော့ တစ်ယောက်နဲ့တစ်ယောက် ချစ်နေကြပြီး စိတ်လှုပ်ရှားစရာ အချိန်တွေလည်း ကြုံတွေ့ရမှာပါ။ ဒါပေမယ့် အိမ်ထောင်သက် နှစ်အစိတ်လောက် ဖြစ်လာကြပြီဆိုရင် အတူနေတဲ့ကိစ္စတွေက မရှိသလောက်ကို နည်းပါးသွားတယ်၊ အဲဒီပြဿနာကို အမျိုးသားတွေ ရင်ဆိုင်ကြရတာပဲ” လို့ ဆိုပါတယ်။


Gweneth Lee ကတော့ အခုလို အိမ်ထောင်သည် အမျိုးသားတွေနဲ့ အတူအိပ်တဲ့အပေါ် အပြစ်ရှိတယ်လို့ လုံးဝ မခံယူထားသလို သူကြောင့် အိမ်ထောင်တွေ ကွဲသွားကြလားဆိုတာကိုလည်း ဂရုစိုက်ပုံမရပါဘူး။

သူတို့ မိန်းမတွေနဲ့ ကလေးတွေ ကိစ္စက သူတို့ကိစ္စပါ ကျွန်မပြဿနာမဟုတ်ပါဘူး၊ ကျွန်မရဲ့ မိသားစုကသာ ကျွန်မကိစ္စလေ။ အခုလို ပက်သက်ခဲ့မှုတွေကို ပြန်အသိပေးမလား၊ ဒီတိုင်းဖုံးကွယ်ထားမလား ဆိုတာကတော့  သူတို့ ဆုံးဖြတ်ရမယ့် အပိုင်းပါ” လို့ ဆိုပါတယ်။

သူမရဲ့ အင်တာဗျူးကို အမျိုးသမီးထုကြီးက ဒေါသထွက် ပေါက်ကွဲပြီး ဝေဖန်လျှက်ရှိပါတယ်။ အွန်လိုင်းပေါ်မှ အမျိုးသမီးတစ်ဦးကဆိုရင် -

သူများလင်နဲ့ သွားအိပ်တဲ့ ဒီမိန်းမ ဘယ်လိုစိတ်ဓါတ်မျိုးနဲ့များ ပျော်နေနိုင်လဲမသိဘူးနော်..? ဂုဏ်ယူစရာဆိုလို့ တစ်ကွက်မှကိုမရှိ၊ နင်က သူများအိမ်ထောင်ရေးတွေ ဖျက်ဆီးနေတဲ့ ဟာမပဲ” လို့ ပြစ်ပြစ်နှစ်နှစ် ပြောဆိုထားပါတယ်။



Follow us on