1. Home
  2. Movie Stars - Celebrity

အကောင့်ဟက်နေတဲ့ ဟက်ကာကို တောင်းပန်စကားဆိုလိုက်တဲ့ မယ်လိုဒီ

Movie Stars - Celebrity พ.ค. 22, 2561 view 1,417

ယခုတစ်လော ဖေ့စ်ဘွတ်ပေါ်မှာဖြစ်ပျက်နေတဲ့ အကောင့်ဟက်ယူမှုတွေဟာ ပိုမိုများပြားလာနေပါတယ်။

 ဖေ့စ်ဘွတ်အကောင့်ကိုဟက်တဲ့ ဟက်ကာတွေက နာမည်ကြီးအနုပညာရှင်တွေနဲ့ ဆယ်လီအချို့ရဲ့ အကောင့်တွေကိုဟက်ယူပြီး ငွေညှစ်ကာပိုက်ဆံတောင်းကြတာတွေရှိသလို ပရဟိတအလုပ်တွေလုပ်ခိုင်းပြီး ပိုင်ရှင်ထံပြန်ပေးကြတာတွေလည်းရှိပါတယ်။

ယခုလဲ သရုပ်ဆောင်မယ်လိုဒီရဲ့အကောင့်ကို ဟက်ယူမှုတွေဖြစ်နေတယ်လို့ သိရပါတယ်။ 

ဒါကို မယ်လိုဒီက ဟက်ကာတွေ တကယ်တော်တဲ့အတွက် လေးစားပေမယ့် နေမကောင်းဖြစ်နေတဲ့ ခေးမေမေကိုတော့ အလွတ်ပေးပါနော်ဆိုပြီး စာသားလေးရေးတင်ကာ ဟက်ကာတွေကို တောင်းပန်စကားဆိုလိုက်တာပါ။

“အကောင့်ဟက်တဲ့သူ တကယ်တော်တယ် လေးစားပါတယ်
ခေးမေကိုအလွတ်ပေးလိုက်ပါနော်
နေမကောင်းလို့ စိတ်ထောင်းကိုယ်ကျေ 
မီးတောက်နေတယ် ငွေလိုနေတယ် 
နေကောင်းအောင် ရေလောင်းရမယ့်အခြေအနေမှာ အလွတ်ပေးလိုက်ပါနော်
နိုင်ငံကျော် စူပါစတား နေ့မအား ညမနား ရိုက်ရတဲ့အချိန်မှပြန်ဟက်ချင်ဟက်ပါနော်
အခုတော့ အလွတ်ပေးလိုက်ပါတော့နော်” ဆိုပြီး စာသားလေးရေးတင်ထားတာဖြစ်ပါတယ်။ 

လက်ရှိမှာ မယ်လိုဒီက Vertigo ဆိုတဲ့ရောဂါဝေဒနာကိုလည်းခံစားနေရသူတစ်ယောက်ပါ။

သရုပ်ဆောင်မင်းသမီးတစ်ယောက်ဖြစ်တဲ့သူမမှာ ချစ်စရာကောင်းတဲ့ သားလေးရယ် ပါရမီဖြည့်ပေးတဲ့ခင်ပွန်းသည်နဲ့အတူ ပျော်ရွှင်သာယာတဲ့အိမ်ထောင်ရေးကိုလည်း ပိုင်ဆိုင်ထားပါတယ်။

အနုပညာအလုပ်တွေနဲ့ ခဏတာအလှမ်းဝေးနေခဲ့တဲ့သူမက ယခုဆိုရင် ပွဲတွေတက်၊ ကြော်ငြာတွေရိုက်ကူးရင်း အနုပညာအလုပ်တွေပြန်လည်လုပ်ကိုင်လျက်ရှိနေပါပြီ…..

 

 



Follow us on