1. Home
  2. Special or Others

တိုက်ခန်းအိမ်သာပိုက်လိုင်းထဲက တက်လာတဲ့မြွေကြီး

Special or Others พ.ค. 22, 2561 view 1,883

အထပ်မြင့်တိုက်ခန်းတွေမှာ နေထိုင်ပေမယ့်လည်း အမြဲတမ်းသတိရှိကြရမယ့် သတင်းတစ်ပုဒ်ဖြစ်ပါတယ်။
တရုပ်နိုင်ငံ ချန်ဒူးမြို့မှာရှိတဲ့ ၆ လွှာနေအိမ်တိုက်ခန်းမှာ အမျိုးသမီးတစ်ဦး အိမ်သာသုံရန် အိမ်သာထဲဝင်စဉ် ကြွေခွက်အတွင်းထဲကနေ မြွေကြီးတစ်ကောင် တက်လာတာကြောင့် ထိတ်လန့်တကြားဖြစ်ခဲ့ပါတယ်။

နေအိမ်မှာရှိတဲ့ အဖိုးဖြစ်သူက တောနယ်မှာ ကြီ:ပြင်းလာသူမို့ မြွေတွေကို ဘယ်လိုဖမ်းရမလဲ သိပါတယ်။ ဒါကြောင့် အိမ်သာကွေခွက်ထဲကို ရေတွေထပ်ဖြည့်ပြီး မြွေတက်လာနိုင်အောင် လုပ်ပါတယ်။ မြွေတက်လာတော့မှ ဖမ်းယူခဲ့ပါတယ်။

မြွေဟာ အဆိပ်မရှိတဲ့ ကြွက်ဖမ်းမြွေ အမျိုးအစားဖြစ်ပြီး အရှည် ၃ ပေ၊ လုံးပတ် ၂ လက္မခန့်ရှိတာကြောင့် ပုံမှန်ထက် ကြီးတယ်လို့ ဆိုရပါမယ်။
ဒီသတင်းကြောင့် အပေါ်ထပ်က အိမ်နီးချင်း ရောက်လာပြီး ဒီလောက်မြင့်တဲ့ အထပ်ကို မြွေဘယ်လိုတက်လာလဲလို့ စုံစမ်းပါတယ်။


သိပ်မကြာခင်မှာ အပေါ်ထပ်က အမျိုးသမီးတစ်ဦး ဆင်းလာပြီး တောင်းပန်ပါတယ်။ သူ့ရဲ့ခင်ပွန်းက ခါးနာဝေဒနာအတွက် ဆေးဖော်ဖို့ မြွေတွေဖမ်းလာတာဖြစ်ပြီး ရေချိုးခန်းထဲမှာ ပလပ်စတစ်အိပ်ထဲ ထည့်ထားစဉ် လွတ်သွားတာ ဖြစ်ကြောင်း ဝန်ခံခဲ့ပါတယ်။

အဲဒီနေ့မနက်မှာပဲ ရဲတွေရောက်ရှိလာပြီး လွတ်သွားတဲ့ အခြားမြွေတွေကို လိုက်ရှာပြီး ဘေးလွတ်ရာမှာ လွှတ်လိုက်ဖို့ မြွေတွေဖမ်းလာတဲ့ အမျိုးသားကို သတိပေးခဲ့ပါတယ်။



Follow us on